မည်သူကပိုမည်နည်း (အပိုင်း၃၇)

207 18 4
                                    

ညနေလာကြိုမည့်သူမှာအကိုမဟုတ်တာကြောင့်ရွှန်း​ေနခြည်ပျင်းရိစွာဖြင့်အတန်းထဲမှထွက်လာခဲ့သည်။ဒီရက်ပိုင်းအကိုသိပ်အလုပ်များနေပေမဲ့ရွှန်းနေခြည်ကိုတော့ အချိန်ပေးဂရုစိုက်ပေး၏။ချစ်တယ်ဆိုတဲ့စကားကိုနှုတ်မှထုတ်ပြောဖို့မလိုအောင်အကို့အပြုအမူတွေကတစ်ဆင့်သိသာစေသည်။

"ဟေ့...ကလေးမ"

"အ​ကို....လာမကြိုတော့ဘူးဆို"

"မကြိုပဲမနေနိုင်ပါဘူးကွာ ဒီမျက်နှာလေးကိုတွေ့ချင်လွန်းလို့တစ်ပိုင်းသေနေပြီသိလား"

"အကိုကတော့ဗျာ....အပိုတအားပြောတာ"

ရွှန်းနေခြည်ရဲ့ခပ်မှိုင်းမှိုင်းစိတ်ကလေးတွေအကို့ကြောင့်ပြန်လန်းလာရသည်။ကားထဲဝင်လိုက်သည်နှင့် ဘယ်သွားမယ် မပြောပဲချက်ချင်းမောင်ထွက်သွားသူကိုရွှန်းနေခြည်ဘာမှမမေးမိ။အကိုခေါ်ရင်ဘယ်နေရာဖြစ်ဖြစ်လိုက်ရဲသည့်သတ္တိသူ့တွင်ရှိသည်လေ။

"ဘာလုပ်ဖို့လဲအကို"

"ခဏစောင့်နေ အကိုပြန်လာမယ်"

ခဏ....တစ်ကယ်ကိုခဏအတွင်းမှာပဲအကိုပြန်ရောက်လာသည်။လက်ထဲမှာalbumတစ်ခုနှင့်photostandအချို့ ထို့နောက် ငွားငွားစွန့်စွန့်နှင့်ရဲရဲနီအောင်ပွင့်နေသည့်နှင်းဆီပွင့်ခပ်ကြီးကြီးတစ်ပွင့်

"ဓာတ်ပုံတွေရလာပြီလား"

"အင်း မြန်တယ်.... တစ်ယောက်တစ်စုံစီသိမ်းထားကြရအောင်နော်"

ရွှန်းနေခြည်လက်ထဲကဓာတ်ပုံတွေကိုသေချာကြည့်မိသည်။နူးညံံ့သောအပြုံးများနှင့်မြတ်နိုးရိပ်သန်းနေသည့်မျက်ဝန်းညိုညိုလေးတွေဟာသိပ်အသက်ဝင်သည်။

"အကိုသားကိုသိပ်ချစ်တာပဲလားဟင်"

"မင်းထင်ထားတာထက်ကိုပိုချစ်တာပေါ့ကလေးလေးရဲ့"

စိုင်းမောင်လက်ထဲကနှင်းဆီပွင့်လေး ကလေးမလေးရဲ့နက်မှောင်မှောင်ဆံပင်တွေမှာနေရာတစ်ကျပန်ပေးတော့ပါးချိုင့်လေးတွေပေါ်အောင်ပြုံးရင်းငြိမ်နေ၏

"မပြောတော့ဘူးလား......မိန်းမကောင်းပန်းပန်တစ်ပွင့်တဲ့....တစ်ပွင့်ပဲပန်ရမယ် တစ်ယောက်ပဲချစ်ရမယ် အဲ့ဒီ့တစ်ယောက်ကလဲအကိုပဲ ဖြစ်ရမယ်လို့"

မည်သူကပိုမည်နည်းWhere stories live. Discover now