မည်သူကပိုမည်နည်း(အပိုင်း၄၀)

121 17 0
                                    

မောင်စိုင်းမင်းမောင် နှင့်
မသစ္စာခက်နွယ် တို့၏
မင်္ဂလာဧည့်ခံပွဲ 6.7.2015(သောကြာနေ့)

ခန်းမထဲတွင်ဧည့်သည်များမရောက်သေးပေမဲ့ ကူညီဖို့ရောက်လာသည့်လူအချို့နှင့်နှစ်ဖက်မိသားစုဝင်များကျို့တို့ကျဲတဲရောက်ညကြပြီဖြစ်သည်။ ယခုအချိန်ဆိုလျှင်သားတို့သမီးအလှပြင်နေလိမ့်မည်။ဒါဖြစ်ရင်....
သားတို့သားရော။အက္ခရာ အိမ်မှာကျန်ခဲ့သည့်စိုင်းမင်းမောင်ကိုအမြန်ပြန်ခေါ်ရသည်။ တိတ်ဆိတ်နေသောအိမ်ကြီးတွင်လူရှိသည်ဟုပင်မထင်ရ။နောက်ဆုံးတော့ယနေ့အတွက်အဓိကဇာတ်ကောင်ဖြစ်သည့်လူကိုရှာတွေ့ပါပြီ။သားတို့သားဝတ်စုံနှင့်ပင်စာဖတ်ခန်းမှာထိုင်နေပြီး သူ့ပုံတူပန်းချီကားကိုခပ်တွေတွေငေးစိုက်ကြည့်နေ၏။

အက္ခရာအမှတ်မမှားလျှင်ထိုပန်းချီကားသည် စိုင်းမောင်မွေးနေ့တုန်းကသူ့ကောင်မလေးကိုယ်ဆိုင်ရေးဆွဲပေးခဲ့သည့်ပန်းချီဖြစ်သည်။

"စိုင်းမောင်....မင်းစိတ်မပါရင် ရပ်လိုက်ရအောင်ကွာ စာချုပ်ပေါ်မှာလက်မှတ်မထိုးရသေးရင်မင်းတို့မသက်ဆိုင်သေးပါဘူး"

"ဟင့်အင်း...."

"ဒါပေမဲ့မင်းသူ့ကိုမချစ်ဘူးလေ....မင်းနေရာမှာငါသာဆိုရွှန်းနေခြည်ကိုခေါ်ပြီးအဝေးကြီးကိုထွက်ပြေးပြီးနေပြီ"

"ငါ့နေရာမှာမင်းသာဆိုရင်လည်း....ငါ့လိုပဲရွေးချယ်မှာပါအက္ခရာ"

"......."

"လူတစ်ယောက်ကိုနှစ်နှစ်ကာကာချစ်မိသွားရင်လေ.... အဲ့ဒီ့လူဟာကိုယ့်အတွက်အမြင့်မြတ်ဆုံးလူပဲ....အကောင်းဆုံးတွေနဲ့ပဲထိုက်တန်တဲ့လူလို့ပဲ မြင်နေမိမှာ....တစ်ခါတစ်လေကိုယ်နေရောတန်ပါ့မလားလို့တောင်အခါခါတွေးမိအောင်ထိချစ်မိသွားရင်လေ.....မင်းငါ့လိုပဲဆုံးဖြတ်မှာပါအက္ခရာ"

"မင်းနောင်တမရမှာသေချာလားစိုင်းမောင်"

"နောင်တ.....ငါ့ဘဝမှားရွှန်းနေခြည်မရှိတော့ဘူးဆိုတဲ့နေ့ကစပြီး ငါ့မှာဘာခံစားချက်မှမရှိတော့ဘူး လူသေနဲ့မခြားတော့ဘူးအက္ခရာ"

အက္ခရာဘာမှပြန်မပြောနိုင်။စိုင်းမောင်ကိုပွေ့ဖက်ထားလိုက်သည်။အရပ်ရှည်သည့်စိုင်းမောင်ခေါင်းကသူပခုံးပေါ်မှီကျလာပြီးတစ်ခဏအကြာမှာ စိုစွတ်မှုတစ်ခုကိုသတိပြုလိုက်မိသည်။ငိုပါစေလေ....အပြင်လူဖြစ်သည်သူတောင်ထိုမျှထိပူလောင်နေလျှင် ကာယကံရှင်တွေမည်သို့ခံစားရမည်နည်း။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

မည်သူကပိုမည်နည်းWhere stories live. Discover now