မည်သူကပိုမည်နည်း(အပိုင်း၃၉)

190 18 2
                                    

recommended song-ငါမေ့နိုင်ဖို့

မနက်ခင်း၏စူးရှသောနေရောင်ခြည်ဟာစိုင်းမောင်မျက်နှာပေါ်ထင်ဟပ်ကျရောက်လာသည်။ စိုင်းမောင်မျက်ခုံးတန်းနက်နက်တွေကိုအလိုမကျသလိုတွန့်ချိုးပစ်ပြီးသူ့ဘယ်ဘက်ကိုအလိုအလျှောက်စမ်းကြည့်မိ၏။
လူတစ်ယောက်အိပ်သွားသည်ဟုယူဆရလောက်သောအနွေးဓာတ်ပင်မရှိသည့်နေရာကြောင့် သူ့ရင်ထဲဟာကနဲ။ သူအမြန်ထထိုင်ပစ်လိုက်သည်။ သူ့ဘေးတွင်ရွှန်းနေခြည်နှင့်ပတ်သက်သည့်ဘယ်ပစ္စည်းမှမကျန်ခဲ့....အို...မဟုတ်ဘူး ရွှန်းနေခြည်နှင့်ပတ်သက်လျှင်ဘာဆိုဘာမှမကျန်တော့တာဖြစ်သည်။

"လက်ထပ်ရမယ်.....အဲ့ဒီအမျိုးသမီးကိုလက်ထပ်ရမယ်တဲ့...အဟင်း!!!!အရူးမလေး"

စိုင်းမောင်ပါးပေါ်ကမျက်ရည်တွေကိုဆွဲသုတ်ပစ်သည်။အခြားသူများတွေ့ပါလျှင် စိုင်းမင်းမောင်ဟာသိပ်ပျော့ညံံ့တဲ့ကောင်ဟုထင်ချင်ထင်နေကြလိမ့်မည်။ဒီထင်မြင်ချက်ဟာတစ်ချို့တစ်ဝက်မှားပေမဲ့တစ်ချို့တစ်ဝက်ကျမှန်ပြန်၏။စိုင်းမင်းမောင်ဟာ ရွှန်းနေခြည်နှင့်ပတ်သက်လျှင်သိပ်ပျော့ညံံ့သည်လေ။"အကိုကစိတ်နုလိုက်တာ ကလေးလေးလား"ဆိုတဲ့စကားကိုကြားရတိုင်းစိုင်းမောင်မငြင်းဆန်နိုင် အကြောင်းမှာ သူတစ်ကယ်ပဲရွှန်းရွှန်းနှင့်ပက်သက်လာလျှင်စိတ်နုသည်လေ။

သူတို့နှစ်ယောက်ညကအတော်ညနက်မှအိပ်ဖြစ်ကြသည်။သီချင်းဆိုသည်၊ဘီယာအတူတူသောက်သည်၊နောက်ပြီးငိုသည်။မသောက်စားကြသေးခင် ကောင်မလေးကဂတိတစ်ခုကိုမရမချင်းတောင်းနေသည်။၎င်းမှာ "အဲ့ဒီ့အမကိုလက်ထပ်ပါ"ဟူသောဂတိပင်။စိုင်းမောင်လက်မခံချင်ပေမဲ့လက်ခံကတော့မည်လေ။သူလိုချင်တဲ့ဂတိရမှကောင်မလေးနှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ကြမ်းပြင်ပေါ်ဒူးထောက်၍စိုင်းမောင်ကိုကန်တော့လာ၏။

"မကန်တော့ရဘူး....အကိုနဲ့မတန်ဘူး"

"အကိုကရွှန်းအတွက် အကိုကောင်း ဆရာကောင်း ချစ်သူကောင်းပီသခဲ့ပါတယ်အကို"

"......."

"အကို့အပေါ်မှာ ကာယကံ ဝစီကံ မနောကံနဲ့ပစ်မှာမိတာရှိရင်ခွင့်လွှတ်ပါအကို"

မည်သူကပိုမည်နည်းWhere stories live. Discover now