မှော်ဆန်ဆန်ပန်းဥယာဉ်ကြီးထဲ ဘယ်လိုများရောက်လာပါလိမ့်!
ပတ်၀န်းကျင်ကိုလှမ်းအကဲခတ်လိုက်တော့ ဒါ
ဘုံဘုံ လုံး၀မသိတဲ့နေရာဆိုတာ ပိုသေချာသွားတယ်။
ဒါပေမဲ့ ကြောက်စိတ်လုံး၀ရှိမနေတာက ကိုယ့်မျက်စိရှေ့မှာမြင်နေရတဲ့ ပန်းဥယာဉ်ကြီးကြောင့်လား၊ လိပ်ပြာလေးတွေ ၀တ်ရည်စုပ်လိုက်၊ ပျံ၀ဲလိုက်၊ အချင်းချင်းကျီစားနေကြတဲ့ မြင်ကွင်းကြောင့်လားတော့မသိ။အဲ့ဒီအချိန် ရိပ်ခနဲဖြတ်သွားတဲ့ အဖြူရောင်အရိပ်လေး၊
သေချာသလောက်တော့ ယောက်ျားလေးတစ်ယောက်ဖြစ်လောက်မဲ့ ပုံစံမျိုး။ ဒါဆိုဒီဥယာဉ်ထဲမှာ ဘုံဘုံတစ်ယောက်ထဲမဟုတ်တော့ဘူးပေါ့။ စိတ်လှုပ်ရှားစွာနဲ့ အဲ့ဒီအဖြူရောင်အရိပ်နောက်ကို ပြေးလိုက်သွားရင်း"ဒီမှာဗျ ဒီမှာ"
အနားရောက်သွားမှ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ၀တ်ထားတဲ့ ထိုလူသည် အရပ်က ၆ပေလောက်ရှိတာမို့ မော့ကြည့်နေရတဲ့အနေအထား။ ခန္ဓာကိုယ်က အရမ်းကြီးနေတာမျိုးမဟုတ်ပေမဲ့ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ အရမ်းမိုက်တဲ့body structure ထဲပါတယ်ပြောရမယ်။ ဆံပင်တွေကခေါင်းလျှော်ပြီးခါစလို
ဖွာဖွာလေးနဲ့ ပေါ့ပေါ့ပါးပါးပုံစံလိုမျိုး၊ အနောက်ကကြည့်တာတောင်ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပနေတာ ဘယ်လိုလူသားလဲ။မဟုတ်မှ ဥယာဉ်စောင့်နတ်လား....!
ကျွန်တော့်ခေါ်သံကြားသွားလို့ထင် အလင်းရောင်တွေထွက်နေတဲ့ အဖြူရောင်အရိပ်လေးက ခဏရပ်ပြီး
တဖြေးဖြေးခေါင်းလေးလှည့်ကြည့်လာ၏။ အနောက်ကနေတောင် ကိုယ်ရောင်ကိုယ်ဝါတွေထွက်နေတဲ့
ဒီနတ်သားလိုလိုလူရဲ့ မျက်နှာကိုစိတ်လှုပ်ရှားစွာနဲ့ မော့ကြည့်နေချိန်....ဒေါက် !ဒေါက်!ဒေါက် !
"ဘုံဘုံရေ ဘုံဘုံ..."
" ဟဲ့ ဘုံဘုံ ထတော့လေ ဒီနေ့တနင်္လာနေ့အလုပ်သွားရမယ်နော်။ ၇နာရီထိုးပြီထတော့ ကြားလား"
ဟာဗျာ...မျက်နှာလေးမြင်ရခါနီးမှ ဒေါ်သန်းသန်းကြွယ်တို့က လုပ်ပြီ။ အိပ်ယာထဲကမထချင်ပဲ မျက်နှာလေး
မမြင်လိုက်ရတာကို နှမြောသတတဖြစ်နေမိတာ ဘာလို့မှန်းမသိ။ ပြန်အိပ်လိုက်ရင်ရော မြင်ရနိုင်လား၊
ပြီးတော့ထူးထူးဆန်းဆန်း အိပ်မက်ထဲတွေ့တာက နတ်သမီးလဲမဟုတ်ပါပဲ ယောက်ျားတစ်ယောက်ဖြစ်တဲ့ နတ်သားလိုလို body ခပ်မိုက်မိုက်ကောင်ကြီးလေ၊ အဲ့ဒါကိုဘာလို့ငါက မတွေ့လိုက်ရလို့နှမြောသတတ ခံစားနေရတာလဲ။ ဟာကွာ...စောစောစီးစီး
ထူးထူးဆန်းဆန်းတွေမက်နေတဲ့အပြင် ထူးထူးဆန်းဆန်းတွေပါ တွေးနေပြန်ပြီ။
အရေးထဲအလုပ်ကသွားရအုံးမယ်....!

YOU ARE READING
Ko Ko Is My Energy ( Complete)
RomanceLove is first sight ❣️ တည်ခန့်ဦး ❤️ ဘုံခုနှစ်ဆင့် ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်