ဒီနေ့ ဘုံဘုံ ထုံးစံအတိုင်း sunday bbq သို့
ဟိုနှစ်ကောင်နဲ့ မူကထဒိတ်ဖို့သွားနေတာ ဖြစ်သည်။ မနက်ဖြန်ဆို ၃ယောက်ကအတူတူမတွေ့ရတော့ဘူးဆိုတော့ ဆွေးနွေးတိုင်ပင်စရာတွေ ဆွေးနွေးကြဖို့ ချိန်းထားကြခြင်းသာ ....တစ်ခြားတော့မဟုတ် ကိုကိုနဲ့ချစ်သူဖြစ်ဖို့အရေး မဟာပလန်ကို ပြန်ဖောက်သည်ချဖို့ပင်.....။ဆိုင်ရောက်တော့ ဟိုနှစ်ကောင်ကရောက်နှင့်နေပြီး.... ကျွန်တော့ကိုမြင်သည်နှင့်
"လာပါပြီ လာပါပြီ ကိုကိုထိပ်ထားစံတို့ လာပါပြီ"
"ထိပ်ထားစံဖို့နေနေသာသာ ရည်းစားတောင်မဖြစ်သေးဘူး"
" ဟျောင့် မင်းက အတည်ကြီးလားကွ "
"ဟေ့ကောင် မင်းထက် မသိရင်ငါကပဲ play boyလိုလိုနဲ့ ဟောဒီနှလုံးသားလေးက ကိုကိုနဲ့မှစခုန်ဖူးတာကွ၊ အချစ်ကိုခုမှစသိတဲ့နုနုနယ်နယ်လေး"
ကျွန်တော့်အပြောကို မင်းထက်ရော ကြည်ဖြူရော မျက်နှာကြီးတွေရှုံ့ခွက်သွားကြတာ မသိချင်ယောင်ဆောင်နေလိုက်သည်။
"အေးပါဟယ် နောက်ဆိုတစ်ရုံးတည်း တွေ့တော့မှာဆိုတော့ နင်ကြိုးစားလို့ရပါပြီ၊ ငါ အကိုကြီးဆီကနေ
နဲနဲပါးပါးအစ်အောက်လာတာလေးတွေရှိတယ်""ဟုတ်လား ပြောပြပါအုံး အဲ့ဒါမို့ငါ့သူငယ်ချင်းလေးကိုချစ်နေရတာ"
ကြည်ဖြူက ချက်ချင်းဆိုတာမျက်စောင်းလှမ်းထိုးလာရင်း စကားကိုဆက်၏။
"ကိုတည်ခန့်တို့က မိသားစု၅ယောက်ရှိတာတဲ့။
ကိုတည်ခန့်ကအလတ်၊ သူ့အထက်က အစ်ကိုတစ်ယောက်နဲ့ သူ့အောက်မှာ ညီမတစ်ယောက်ရှိတယ်။ ပြီးတော့တစ်ယောက်ထဲ ကွန်ဒိုမှာသပ်သပ်ခွဲနေတာတဲ့၊ နောက်တစ်ခုက ကိုတည်ခန့်က ရည်းစားလို့ရယ်တွဲတာတစ်ခါမှမမြင်ဖူးတော့ သူ့ရဲ့ sexual ကဘယ်လိုခံယူထားလဲတော့ ငါလဲမခန့်မှန်းတတ်ဘူး၊ ခုနင်နဲ့စကားပြောတော့ ဘယ်လိုနေလဲ""ခုထိတော့ အဆင်မပြေတာမရှိပါဘူး။ တစ်ခုပဲငါ့ဘက်က ဖလစ်တော့မယ်ဆို သူကအစကိုမခံဘူး... ဒါပေမဲ့ ငါ့ရဲ့မသိစိတ်က သူယောကျာ်းခြင်းကြိုက်တာကို မမုန်းဘူးလို့ခံစားရတယ်"
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်