အချစ်တွေထပ်တူညီသွားကြတဲ့အခါ ပျော်ရွှင်မှုမှာ အတိုင်းထက်အလွန်။ ကိုယ့်ရဲ့ချစ်စရာကောင်းလှတဲ့ ကောင်ကလေးလက်လေးကိုဆုပ်ကိုင်ရင်း ကားဆီကို
အရင်ခေါ်သွားရသည်။ ငိုထားလို့မို့အစ်နေတာကြောင့်နဂိုမျက်လုံးပေါက်မှေးမှေးလေးက ခုဆိုပွင့်တယ်ဆိုရုံမျှလောက်သာ။ ပါးဖောင်းဖောင်းလေးတွေမှာ အနည်းငယ်ရဲနေကာ နှုတ်ခမ်းလုံးလုံးလေးကလည်း
စတော်ဘယ်ရီသီးပမာဖြစ်နေ၏။ ကြည့်ရင်းနဲ့ ဖျစ်ညှစ်ပစ်ချင်စိတ်ကို မနဲချုပ်တည်းထားရတယ်။ တော်ကြာ ချစ်သူဖြစ်ခါစမှာတင် ကြောက်သွားရင်ခက်ရချည်ရဲ့.... လက်ကလေးတွေက သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားတာကြောင့် ကျန်လက်တစ်ဖက်နဲ့ မျက်ရည်စအကျန်လေးတွေသုတ်ပေးမိတော့ ခေါင်းမော့ပီးမျက်လုံးလေးတွေမှိတ်ကျသွားအောင်ထိရယ်ပြလာ၏။"ပေတလူးနေတာပဲ၊ တော်သေးတာပေါ့ကွာ မဟုတ်ရင် ကောင်ကလေးတစ်ယောက်အသည်းကွဲပြီး မျက်ရည်ပင်လယ်ထဲစုန်းစုန်းမြုတ်တော့မလို့"
"ကိုကိုနော်"
"အဟား...."
မျက်စောင်းထိုးကာပြောလာပုံက အူယားစရာ။ ဒီလိုချစ်စဖွယ်အမူအယာလေးတွေ နောက်ဆိုမကြာမကြာမြင်ရတော့မှာပါလား တွေးပြီး ရင်ထဲပီတိဖြစ်သွားရပြန်သည်။ ကောင်ကလေးရဲ့ခံစားချက်တွေကို ရိပ်မိခဲ့ပေမဲ့ သူကိုယ်တိုင်သေချာတဲ့ခံစားချက်တစ်ခုကို အတည်ပြုချင်တာကြောင့်အချိန်ဆွဲနေခဲ့ခြင်းသာ။
ချစ်ပြီဆိုကတည်းက လုံခြုံမှုတွေပေးချင်သည်။ နွေးထွေးမှုတွေပေးချင်သည်။ ပတ်၀န်းကျင်ကနေကြည့်လာမဲ့မျက်လုံးတွေကကာကွယ်ပေးချင်သည်။ ဒါတွေကိုဘ၀တစ်လျှောက်လုံးလုပ်ပေးနိုင်ဖို့ ယုံကြည်ချက်ရှိလားကိုယ့်ကိုယ်ကိုယ်ပြန်မေးရသည်။ လူတစ်ယောက်ကိုချစ်ရတာလွယ်ပေမဲ့ ချစ်ပြီးတဲ့နောက် တစ်ဘ၀လုံးစာ
ပျော်ရွှင်စေဖို့ရာ တာ၀န်ယူပေးနိုင်ဖို့ကခက်၏။ လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ်နေတဲ့ခေတ်ကြီးမှာ သူကတော့ဒီကောင်လေးနဲ့ရေရှည်လက်တွဲသွားလိုတာကြောင့် ခုကတည်းက နားလည်မှု၊ယုံကြည်မှုတွေကို တည်ဆောက်ထားရမှာပင်...။
![](https://img.wattpad.com/cover/363240560-288-k242263.jpg)
YOU ARE READING
Ko Ko Is My Energy ( Complete)
RomanceLove is first sight ❣️ တည်ခန့်ဦး ❤️ ဘုံခုနှစ်ဆင့် ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်