အရှေ့မှာ လက်ပိုက်လျက်ရှူတည်တည်ကြည့်နေတဲ့သူငယ်ချင်းကိုကြည့်လိုက်တာနဲ့ မင်းထက်လိမ်လို့မရတော့ဘူးဆိုတာသိလိုက်သည်။ မသိစေချင်လို့လျှို့ဝှက်ထားမှ သူခိုးလူမိလာဖြစ်နေတာ နဲတဲ့ကံဆိုးမှုလား။
ငါတို့ကအတည်မတွဲသေးဘူးပြောရအောင်ကလည်းသူငယ်ချင်းအစ်ကိုကို မင်းကအပျော်တွဲတာပေါ့လို့
လာအုံးမယ်။ ဒါတောင်ကြည်ဖြူမနဲ့ မရှင်းရသေးလို့တွေးရင်းတွေးရင်း ခေါင်းတွေပါကိုက်လာသလိုခံစားလိုက်ရသည်။ နောက်ဆုံးကိုယ့်ဘက်ကပဲ စမိတ်ဆက်ပေးဖို့တွေးလိုက်ကာ"အဟမ်း"
သူချောင်းဟန့်တော့ အားလုံးက ဘာပြောမလဲဆိုပြီး
သူ့ကိုကြည့်လာကြ၏။"ဟို... "
"ကိုယ်နဲ့မင်းထက်နဲ့တွဲနေကြတာ...သိပ်မကြာသေးဘူး"
ဘေးကနေ ဘယ်ကစပြောရမှန်းမသိ စကားရှာမရဖြစ်နေသူကြောင့် ထွဋ်ခေါင်ပဲစပြောပေးလိုက်သည်။
ဘုံဘုံ့မှာလဲ ရှေ့ကကောင်ကိုစချင်လို့သာ မျက်နှာတည်တင်းထားရပေမဲ့ ကြည့်ရင်းသနားလာရ၏။ သူ့မှာကိုယ်စိတ်ဆိုးမှာစိုးပြီး ဘယ်ကစပြောရမှန်းမသိဖြစ်နေရှာတာ။ ဒါတောင် ကြည်ဖြူမ,မပါသေးလို့ မဟုတ်ရင် နင့်အစ်ကိုနဲ့ငါ တွဲနေတာဆိုပြီး ဘယ်မျက်ခွက်နဲ့မိတ်ဆက်ပေးမယ်မသိ။
"ဟုတ် ကျွန်တော်လည်းရုတ်တရက်ဆိုတော့...အံ့ဩသွားလို့...ဒီမှာပဲပေါင်းဝိုင်းလိုက်မယ်နော် ရလား"
"ရတယ် ရတယ် အေးဆေး"
"ကလေး ကိုယ်ကင်ဖို့သွားယူလိုက်အုံးမယ်၊ ဘာထည့်ခဲ့ရမလဲ" ဘေးက ကိုကို့အသံကြားမှ စားဖို့ကိုသတိရမိတော့သည်။
"ဟုတ် ကိုကို၊ ပုဇွန်များများ "
စားသောက်ပြီးနောက် ပြန်ကြတော့ ကားနားမရောက်ခင်မှာပဲ မင်းထက်က လက်ကိုလှမ်းဆွဲလာကာ သူ့ကိုတောင်းပန်တဲ့အကြည့်နဲ့ကြည့်လာ၏။
"အဲ့လိုမနေပါနဲ့ကွာ မင်းကလည်း၊ ငါကရုတ်တရက်တွေ့သွားလို့အံ့ဩသွားရုံပါ"
"ငါတောင်းပန်ပါတယ် တမင်မပြောပဲထားတာမဟုတ်ပဲ ငါ့စိတ်ငါမသေချာသေးလို့ပါ"
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်