Final extra

1.6K 50 1
                                    

(warning ⚠️ ⚠️ 18နှစ်မပြည့်သေးတဲ့ ကလေးတွေ ဒီအပိုင်းကိုမဖတ်သင့်ပါဘူး။ )

"ချစ်သူလေး!"

ထွဋ်ခေါင်ရဲ့အသံကျယ်ကြီးကြောင့် barထဲက လူတွေအကုန်လှည့်ကြည့်လာကြ‌လေ၏။ ကျစ်...! ဒီကောင် အရှက်ကိုမရှိဘူး။

"ချစ်သူလေး... Bar လာတာကိုယ့်ကို ဘာလို့မပြောတာလဲ၊ ကျစ် သောက်ထားသေးတာလားကွာ"

"ခင်ဗျားကို ဘာကိစ္စပြောရမှာလဲ ခင်ဗျားနဲ့ကျွန်တော်နဲ့ ခေါ်လို့လား"

"ဟာ ဘာခင်ဗျားလဲ...ကြည်ဖြူ! နင်ကလည်းမိန်းကလေးတန်ပေမဲ့ဘာကိစ္စ barလာတာလဲ!
မင်းထက်မပြောတောင် နင်ကငါ့ကိုပြောရမှာလေ"

"အဟင်း...ဘာကိစ္စပြောရမှာလဲ...မင်းထက်က
ကြည့်ဖြူ့သူငယ်ချင်းလေ သူ့ဘက်ပဲပါမှာပေါ့ အေ့"

"ပြောလိုက်...ငါ့သူငယ်ချင်းလေးကိုချစ်လိုက်တာ...လာပါအုံးဖက်ရအောင်"

ပြောရင်းသူ့ရှေ့တင်ပြန်ဖက်နေကြတဲ့နှစ်ယောက်ကို ကြည့်ကာ ထွဋ်ခေါင်သွေးတွေတိုးသွားသလိုပင် ခံစားလိုက်ရသည်။ သူ့ညီမမို့လို့နော် တခြားသူဆို ချက်ချင်းကန်ထုတ်ပစ်တယ်။

ဘုံဘုံကတော့ သူငယ်ချင်းနှစ်ယောက်ဖက်နေတာကို လက်ခုတ်တီးကာ အားပေးနေလေ၏။ တည်ခန့်ကတော့ သူ့ကလေးကိုကြည့်ကာ မနိုင်သလိုလွှတ်ထားလိုက်တော့သည်။

"ဟိတ်ကောင် တည်ခန့် ပြန်ဖို့ခေါ်အုံးလေ"

"မင်းပဲရအောင်အရင်ခေါ်ကြည့်ပါအုံး"

"ကျစ်..."

"ချစ်သူလေးပြန်ကြရအောင်လေ နော်...လိမ္မာတယ်"

"ပြန်ဘူး..."

ပြောရင်း ထွဋ်ခေါင်က‌ဆွဲခေါ်တော့ ခြေထောက်ကိုကန်ထားကာ လုံး၀မလိုက်။ ကျစ်...မ,သွားလိုက်ရမကောင်းရှိတော့မယ်။

"ဟေ့ကောင်တွေ လာ... လာ... ကရအောင်"

ပြောရင်း သူငယ်ချင်းသုံးယောက် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလုပ်ကာ ဆော့နေကြပြန်သည်။ တည်ခန့်ကတော့ ဘာတတ်နိုင်သေးလဲဆိုတဲ့ မျက်နှာထားနဲ့ မေးဆတ်ပြ၏။ ကြည့်ရတာ သူလည်းမနိုင်တော့လို့ လွှတ်ထားပုံရသည်။ ကဲ ဒီညတော့ အမူးသမားထိန်းကြတာပေါ့ကွာ...။

Ko Ko Is My Energy (Complete)Where stories live. Discover now