" ဘာ! "
ရန်ကုန်မြို့တစ်နေရာက အအေးဆိုင်တစ်ဆိုင်ရဲ့ ၃ယောက်စားပွဲဝိုင်းမှ ပြိုင်တူထွက်လာတဲ့အသံနှစ်သံကြောင့် ဘေးဝိုင်းတွေကပါ လှည့်ကြည့်လာလေ၏။
"ရှူး! တိုးတိုးအော်ကြပါဟ နင်တို့ကလဲ"
"ဟဲ့ ဒါလုံး၀ surprised ကြီးလေ မနေ့တနေ့ကတင် အိမ်ကလက်မခံလို့ ရုံးတောင်မတက်တဲ့သူက
ခုယူကြတော့မလို့ဆိုတော့... မအံ့ဩတာကမှ ဆန်းနေအုံးမယ်""အေးလေကွာ မင်းကလည်း ငါဖြင့်မင်းတို့အတွက်တွေးပူပြီး အလုပ်ထဲတောင်စိတ်မပါဘူး"
ဒီကောင်ငဘုံ ပြောစရာရှိတယ်ဆုံကြရအောင်ဆိုလို့
သူနဲ့ကြည်ဖြူမှာ ရင်တထိတ်ထိတ်အဆင်မပြေသေးလို့လားဆိုပြီး စိတ်ပူလိုက်ရတာ ဒီလည်းရောက်ရော ဆရာသမားက ကိုကိုက ငါ့နဲ့လက်ထပ်ချင်ပြီပြောတာ အဲ့တာသင်္ကြန်မတိုင်ခင် ယူကြတော့မယ်တဲ့လေ။ နေရာတကာအကုန်သိတဲ့ကြည်ဖြူတောင် အံ့ဩပြီး သောက်လက်စအအေးတွေပါဖိတ်လို့!" မမြန်လွန်းဘူးလား ဘုံဘုံရယ် နင်တို့ကကြိုက်တာမှ
မကြာသေးတာကို ""အေးလေ မင်းကလည်း တစ်လတောင်ပြည့်သေးလို့လား"
"ဟို... ဟီး... 21 ရက်နေ့မှ တစ်လပြည့်မှာ...."
သူငယ်ချင်းနှစ်ယောက်ပြောလည်းပြောချင်စရာပါပဲ။ သူကလည်း ကိုကိုကယူချင်ပြီလို့ နှစ်ခါပင်မပြောလိုက်ရ ချက်ခြင်းလက်ခံပစ်လိုက်တာပဲ...။အစကတော့ အမေ့ကိုမျက်နှာပူပေမဲ့ အမေလည်းခွင့်ပြုတယ်ဆိုမှတော့ သူကဘာကြောင့်အချိန်ဆွဲနေရအုံးမှာလဲ...ဟွန်း ကိုကို့လိုရုပ်ရည်မျိုးကို ယောကျာ်းတော်ရမယ်ဆိုတာ နဲတဲ့ကံလား ။ သူများနောက်မပါအောင် တစ်ခါတည်းတံဆိပ်ကပ်ထားမှ တော်ကာကျမှာ။
"အမလေးဟယ် ယောင်္ကျားယူရမှာ ပျော်နေတဲ့ရုပ်ကြီးနဲ့ ငါတို့ကသာ ကိုယ့်သူငယ်ချင်းလေးဆိုပြီး နှမြှောနေရတာ ဟွန်း..."
ကိုကို့အကြောင်းတွေးရင်း ပြုံးစိစိဖြစ်နေတဲ့ သူ့
မျက်နှာဘေးကြောင့် ကြည်ဖြူမက ပြစ်ပြစ်နှစ်နှစ်
ဝေဖန်လာ၏။"ဟဟ ! နင်တို့ကလည်း ကိုယ့် crush
ကိုယ့်အချစ်ဦးနဲ့ယူရမှာလေ မပျော်ဘဲနေမလား....
ဒါမျိုးက လူတိုင်းမရတဲ့အခွင့်အရေးကြီးနော်"
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်