Part 7

2.4K 122 10
                                    

"အားး...ခုမှနှစ်ရက်ပဲရှိသေးတယ် ရှုပ်ယှက်ခတ်နေပြီ၊
ရူးချင်တာပဲ"

"နင်ကလဲနောက်တော့အဆင်ပြေသွားမှာပါဟာ ငါတို့အရင်software စသုံး‌တုန်းကလဲရှုပ်တာပဲကို၊ သုံးရင်းနဲ့နားလည်သွားတော့လွယ်သွားတာပဲ"

"အေး အဲ့ဒါလဲဟုတ်ပါတယ် ဟူး....."

စိတ်ဓာတ်ကျသလို သက်ပြင်းတွေချနေတဲ့ သူငယ်ချင်းမကြောင့် ဘုံဘုံ ရယ်သာနေလိုက်တော့တယ်။ ခုကထမင်းစားနားနေကြတာဖြစ်၏။ ဒီနေ့တော့မနေ့ကလိုနောက်မကျတော့.....

"ဟဲ့ ဘုံဘုံ ဟိုအစ်မကဆရာ့ရုံးခန်းထဲမှာထမင်းစားတာလား"

"ဟင် ဟုတ်လား ငါလည်းမသိဘူးလေ"

"ကြည့်လေ ထမင်စားဆောင်မှာမှ မရှိတာ၊ ဒီနေ့အပြင်လည်းထွက်မစားဘူးဆိုတော့ ဆရာ့အခန်းထဲပဲနေမှာပေါ့"

ဘုံဘုံစိတ်လေးညိုးနွမ်းသွားရသည်။  ကိုကိုတို့ကဘယ်လောက်ထိတောင်ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာလဲ? သူမသိတဲ့ ကိုကို့တစ်ဖက်ခြမ်းမှာ ကိုကိုဟာတခြားတစ်ယောက်နဲ့ပျော်ရွှင်နေမလား။ တဖြေးဖြေးနဲ့ သူဟာကိုကို့ရဲ့အဝေးကိုရောက်လာနေပြီလား.....။

"ဟဲ့ နင်ကလည်းမျက်နှာကြီးအဲ့လိုမနေပါနဲ့ဟ၊ အစ်မကခဏပဲလာတာကို ငါတို့ training ပြီးတာနဲ့ပြန်မှာပဲဟာ၊ ဒီတိုင်းအလုပ်ကိစ္စနဲ့ပတ်သတ်တာပဲနေမှာပါဟာ...."

မနေ့ကတည်းက ဒီနေ့ထိမျက်နှာမကောင်းတဲ့သူငယ်ချင်းကြောင့် ကြည်ဖြူ့မှာကြံဖန်နှစ်သိမ့်နေရ၏။ ခုလည်းသူပြောလိုက်တဲ့စကားကြောင့် ချက်ခြင်းမှိုင်တွေသွားတာမို့ စိတ်ပြေအောင်ပြန်ဖာထေးပေးလိုက်ရသည်။

"အေးပါဟာ ငါအတွေးများသွားလို့ပါ... ဒါဆိုအလုပ်ခန်းထဲပြန်သွားကြရအောင်လေ"

"အေးအေး လာ...ဘာမှမတွေးနဲ့ စိတ်ကိုပျော်ပျော်သာနေလိုက်ကြားလား"

"အေးပါဟာ"

.............

   "ဪ ကြည်ဖြူတို့လာတာနဲ့အတော်ပဲ၊ ဆရာ့အခန်းထဲဒါလေးတွေသွားပို့ပေးပါအုံး"

"ဟုတ်ကဲ့ ကို၀ဏ္ဏ"

" နေ...နေ... ကြည်ဖြူ ငါသွားပို့လိုက်‌လိုက်မယ်"

Ko Ko Is My Energy (Complete)Where stories live. Discover now