part 16 (surprised )

2.2K 86 2
                                    

ဘုရားမှာ ရေသပ္ပါယ် ပန်းလှူပြီးနောက် အလှူခံဌာနမှ
ရခဲ့တဲ့ တည်ခန့်ဦး + ဘုံခုနှစ်ဆင့် ဆိုတဲ့ အလှူခံဖြတ်ပိုင်းလေးကိုကြည့်ပြီး ကြည်နူးနေမိသည်။anniversary တိုင်းမှာဒီလိုမျိုး အမြဲတမ်းကုသိုလ်တစ်ခုခုလုပ်မယ်လို့တွေးထားသည်။
ဒါမှ နောက်ဘ၀တွေမှာလည်း ကောင်းတဲ့ရေစက်တွေနဲ့ အတူဆုံစည်းရမှာမဟုတ်လား။ ပြီးနောက် ခိုစာလည်း
သွားကျွေးဖြစ်ကြ၏။ ဘုံဘုံက ခိုစာ ငါးစာကျွေးရတာတို့ အရမ်းသဘောကျသည်။ ‌ပြောင်းဖူးစေ့တွေကြဲလိုက်တာနှင့် အလုအယက်လာရောက်စားသောက်ကြသည့် ခိုတွေကိုမြင်ရတိုင်း စိတ်ထဲမှာ ကြည်နူးရသည်။ ပြီးတော့ ခွေးစာကျွေးရတာလည်း သဘောကျသည်။ အဲ့ဒါကတော့ အမေ့ကြောင့်ပင်။ ကိုယ်ကံအရမ်းညံ့နေတယ်ခံစားရရင် ခွေးစာကျွေးရတယ်ဟု အမေကမကြာခဏပြောဖူး၏။ ဟုတ်မဟုတ်မသိပေမဲ့ အဲ့လိုကျွေးရတိုင်း စိတ်ကြည်နူးရလို့ ကိုယ်တတ်နိုင်သလောက် လမ်းဘေးခွေးတွေကို မကြာခဏကျွေးဖြစ်သည်။ ကိုကိုကတော့ သူလုပ်သမျှကို ဘေးက
ကျေကျေနပ်နပ် အကုန်လိုက်လုပ်ပေးနေ၏။

"ဘယ်သွားချင်သေးလဲကလေး"

"ဟင့်အင်း ကိုကို့အိမ်ပဲသွားရတော့အောင်လေ"

"ဘေဘီလေး သဘောအတိုင်းပါပဲခင်ဗျာ...."

"ဟီးဟီး ..."

တည်ခန့်ပြောလိုက်တော့ မျက်လုံးပေါက်လေးတွေ မှိတ်ကျသွားအောင်ထိ ရယ်ပြလာလေ၏။ တစ်မနက်ခင်းလုံး  ချစ်ရသူနဲ့အတူ ကုသိုလ်တွေတန်းစီယူထားရ‌တာကြောင့် စိတ်ထဲမှာကြည်လင်အေးချမ်းနေရ၏။ ပြောရရင် ကလေးနဲ့ချစ်သူဖြစ်ကတည်းက သူ့မှာစိတ်ပင်ပန်းရတယ်ဆိုတာတောင် မရှိလုနီးပါးပဲ ....။ အလုပ်တွေများလို့ သူပင်ပန်းနေတယ်ထင်‌ရင် ကိုကိုပင်ပန်းနေပြီလား၊ ကျွန်တော်နှိပ်ပေးရမလား ၊အဆင်မပြေတာရှိကျွန်တော့်ကိုရင်ဖွင့်လို့ရတယ်နော်...၊ ကိုကိုပင်ပန်းတာတွေပျောက်သွားအောင် အာဘွားပေးမယ်နော်.... ၊စသည်ဖြင့် အမျိုးမျိုး healing လုပ်ပေးတတ်လေသည်။ ငထွဋ်ကတောင် ‌မင်းအခုတလောစိတ်ချမ်းသာနေတာသိသာတယ် ဘယ်ချိန်ကြည့်ကြည့် မင်းမျက်နှာကကြည်လင်နေတာပဲဟုပင် ပြောလာသည်ထိ။ လူတစ်ယောက်မှာ အကြည်ဓာတ်က အဓိကပဲတဲ့... ဘယ်လောက်ရုပ်ချောချော အကြည်ဓာတ်မရှိရင် အလကားပဲလို့ သူကြားဖူးသည်။ သူ့ကိုအကြည်ဓာတ်ရအောင်လုပ်ပေးတာကတော့ ကလေးပဲဖြစ်လိမ့်မည်....။  ဒါကြောင့်အကြည်ဓာတ်လေးပျောက်မသွားအောင် တစ်သက်လုံးစာအတွက် အပိုင်သိမ်းထားမှ ဖြစ်တော့မည်။

Ko Ko Is My Energy (Complete)Where stories live. Discover now