🎶ကိုကိုဟာကြင်နာတာတွေတကယ်ကိုစွမ်း
ရင်ခွင်မှာကြိုဆိုပါတယ်ဒီလိုအနမ်း....ကိုကိုရေရူးပြီ.... ကိုကိုရေရူးပြီ....
ကိုကိုရဲ့ အချစ်ဆိုတာဒီလိုလား...
ဒီလိုဆို ချစ်မယ်ချစ်တယ် ကိုကိုပဲကိုကိုရေရူးပြီ ကိုကိုရေရူးပြီ 🎶
ဒီနေ့တော့ ဘုံဘုံတက်ကြွတဲ့ကြက်ဖလေးဖြစ်နေပါတယ်။ စနေနေ့ဖြစ်တာကြောင့် ရုံးပိတ်ရက်မှာ ကိုကိုနဲ့ ပထမဆုံးdateလုပ်ဖို့ ညကပြောလာတော့ သူ့မှာ ပျော်လွန်း၍ ထခုန်မိသည်ထိ။ အစကတော့အသည်းကွဲပြီထင်ထားတာ ခုတော့ရုတ်တရက်
ထီထပေါက်သလိုပင် ချက်ချင်းကြီးရည်းစားဖြစ်သွားတာကို သူ့မှာမယုံနိုင်သေး။ ဘာပဲဖြစ်ဖြစ် အရင်လို ကိုကိုကယ်ရင်လွတ်မြောက်မဲ့သီချင်းကို ခုလှည့်ကြည့်စရာမလိုတော့။ ဘုံဘုံ ညကသီချင်းအသစ်ရှာရင်း ခုတလော trend ဖြစ်တဲ့ ကိုကိုသီချင်းအသစ်ကိုတွေ့သွားရာက ကြိုက်မိသွားခြင်း... ဒီသီချင်းက တကယ်သူနဲ့ကွက်တိမို့ phone ringtone တောင်ထားထားပြီးပြီ။"ဒီတစ်ထည်ကလည်း ခဏခဏ၀တ်နေတာ...၊
ဒီတစ်ထည်က အရောင်မှိန်သလိုပဲ...၊
ဒါကလည်းငါနဲ့မလိုက်ဖက်သလိုပဲ။
ဟာကွာ အင်္ကျီတွေကဒီနေ့မှ ဘာလို့၀တ်စရာ
ရှားနေရတာလဲ ကျစ်!"ဒီလိုမှန်းသိ မနက်အစောအင်္ကျီသွားဝယ်ပါတယ် ဟူး....။ ကုတင်ပေါ်မှာ အင်္ကျီတွေအပုံလိုက်ဖြစ်နေပေမဲ့ ကြိုက်တာခုထိမတွေ့သေး။ နောက်မှ shopping သပ်သပ်ကိုထွက်အုံးမယ်။ ဖွထားတဲ့ထဲက ရှပ်လက်တိုအနက်လေး၀တ်ပြီးနောက် အောက်ကshort pant အနက်လေးနဲ့ပဲ တွဲ၀တ်လိုက်၏။ မှန်ကြည့်လိုက်တော့ အပေါ်နက်,အောက်နက်ကြီးဖြစ်နေတာကြောင့် ဗီဒိုထဲက sweater vest ကိုအကွက်လေးတွေပါတဲ့အပါးလေးထပ်၀တ်လိုက်သည်။ ယောင်္ကျားလေးတွေလှချင်အအိုက်ခံရတယ်ဆိုတဲ့စကား ခုမှ မှန်သွားတော့တယ်။ မတတ်နိုင် ဒီနေ့ရာသီဥတုကမပူမအေးလေးဖြစ်နေတာပင်ကျေးဇူးတင်ရမည်။ အားလုံးပြီးသွားတော့ ကျောပိုးအိတ်လေးလွယ်ရင်း အောက်ဆင်းလာလိုက်တော့သည်။
"အံမယ် ရှိုးတွေစမိုးတွေနဲ့ပါလား ဒါဘယ်သွားမလို့!"
အောက်ရောက်တာနဲ့ မာတာမိခင်ကကြည့်ပီးဝေဖန်နေပါပြီ။
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်