မနက်ခင်း 6နာရီပုံမှန်ထနေကြအကျင့်အတိုင်း မျက်လုံးနှစ်လုံးကနှိုးစက်မလို အလိုလိုနိုးတတ်တာ အကျင့်လိုပင်ဖြစ်နေလေပြီ။ အခုလဲပုံမှန်ချိန်နိုးတာနဲ့ လေ့ကျင့်ခန်း 25မိနစ်လောက်အရင်လုပ်လိုက်သည်။ တည်ခန့်အကျင့်က မနက်အိပ်ယာနိုးရင် လေ့ကျင့်ခန်းလုပ်ပြီးမှသာ ရေချိုးရင်းမျက်နှာသစ်လေ့ရှိ၏။ ရုံးမှာတစ်နေကုန် ထိုင်နေရတာများတော့ ကိုယ်လက်ပေါ့ပါးလန်းဆန်းနေအောင် မနက်ခင်းလေ့ကျင့်ခန်းတော့ မဖြစ်မနေအချိန်ပေးလုပ်ဖြစ်သည်။
ရေချိုးပြင်ဆင်ပြီးနောက် အင်္ကျီအဖြူရှပ်လက်ရှည်နှင့် စတိုင်ပင်အနက်ရောင်ကို တွဲ၀တ်လိုက်၏။ suit ကတော့ ရုံးရောက်မှ၀တ်ဖြစ်တာများတာကြောင့် ဒီတိုင်းသာယူသွားဖြစ်တာများသည်။ ပြီးနောက် သူပုံမှန်ဆွတ်နေကြ Dior Sauvage ရေမွှေးကို လက်ကောက်၀တ်နှင့် ဂုတ်ဆတ်နားအပြင် အင်္ကျီမှာပါဖြန်းလိုက်၏။ သူက ကိုယ်သင်းနံ့မွှေးတာမျိုး သဘောကျတာကြောင့် ရေမွှေးဆွတ်ရတာcrazyဖြစ်သူတစ်ဦးပင်။ ဒါပြီးရင်တော့ breakfast စားပြီးတာနဲ့ ကလေးကိုသွားကြိုရင်း ရုံးသွားရုံသာ။
တီ...တောင် !
တီ...တောင်!
တွေးနေတုန်း ဘဲလ်တီးသံကြားလိုက်ရတာကြောင့် တည်ခန့် မျက်ခုံးကျုံ့မိလိုက်၏။ သူ့တိုက်ခန်းကို သူ့အိမ်ကလူတွေလည်းမလာဖြစ်ကြသလို သူငယ်ချင်းတွေလည်းခေါ်လေ့မရှိတာကြောင့် ဧည့်သည်လာလေ့မရှိ။ ဒီလိုစောစောစီးစီး ဘယ်သူလာတာလဲဆိုပြီး တံခါးသွားဖွင့်ကြည့်လိုက်ကာရှိသေး....
"ကိုကို surprised "
"ဟင် ကလေး ဘယ်ကဘယ်လို!"
"ဟဟ အံ့ဩသွားတယ်မလား မနက်စာအတူစားချင်လို့အစောကြီးထွက်လာတာ"
ကိုကိုက တစ်ယောက်ထဲနေတာဆိုတော့ မနက်စာကို
ဖြစ်သလိုသာစားသည်။ ဒါကို ဘုံဘုံလုံး၀မကြိုက်ပါ ။ မနက်စာဆိုတာ လူတစ်ယောက်မှာအရေးကြီးဆုံးပဲလေ မနက်စာမစားရင် နှလုံးကျန်းမာရေးကိုထိခိုက်စေသလို အားအင်ကိုလျော့စေပြီး၊ မှတ်ဉာဏ်အားလည်းနည်းစေတယ်လို့ ဘုံဘုံစာထဲမှာဖတ်ဖူး၏။ ဒါကြောင့်ဖြစ်သလိုစားနေတဲ့ ကိုကို့ရဲ့မနက်ခင်းစာကို တာ၀န်ယူပေးဖို့ ဆုံးဖြတ်လိုက်ခြင်းသာ။ မနက်စာလည်းအတူစားရင်း ကိုကို့ကျန်းမာရေးကိုလဲဂရုစိုက်ပြီးသားဖြစ်တော့
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်