( 18 နှစ်ပြည့်ပီးမှဖတ်ရန်။ ဒီအပိုင်းက warning ဖြစ်တာကြောင့် 18နှစ်မပြည့်သေးသူများနှင့်
+မကြိုက်တဲ့သူဆိုကျော်ဖတ်သွားပေးနော်။ တည်ခန့်ရဲ့ ဘုံဘုံအပေါ်တပ်မက်တဲ့စိတ်ကို မြင်စေချင်တာကြောင့် ထည့်လိုက်တာပါ။ +ခန်းကို ss ရိုက်မတင်ကြပါနဲ့နော်)Dinner ကနေအသီးသီးနှုတ်ဆက်ပြီးနောက် ဘုံဘုံတို့ပြန်ရောက်တဲ့အချိန်က ည၁၁ကျော်ပင်ရှိနေပြီ။ လူငယ်တွေလည်းများသလို အေးဆေး ပျော်ပါး
စားသောက်ကြတော့ အချိန်ကညဉ့်နက်ထိရောက်သွားတော့သည်။ နေ့လည်က တစ်ရေးတစ်မောအိပ်ထားလို့သာ မဟုတ်ရင်မနက်ကတည်းက လူကပန်းချင်နေပြီ။"ကလေး အ၀တ်အစားမလဲနဲ့အုံးနော်"
"ဟင်! ဘာလို့လဲကိုကို"
"ကလေးဖို့လက်ဆောင်ရထားတာရှိတယ် အဲ့တာလေး၀တ်ရမှာ"
"ဘာကြီးလဲ ကိုကိုကလည်း"
"အဟွန်း....ဒီမှာလေ ဟိုကောင်ပေးလိုက်တဲ့လက်ဆောင် ရော့.... ကလေးကဒါလေးအရင်၀တ်ခဲ့လိုက်နော်...ကိုယ်ကကလေးအတွက် ဝိုင်ချိုချိုလေးပြင်ပြီး စောင့်နေမယ်"
ကိုကို့ရဲ့ အက်ရှရှနဲ့ ဆွဲဆောင်မှုရှိတဲ့စကားတွေကို သူ့မှာမလွန်ဆန်နိုင်။ ပါတီမှာထဲက တစ်ခုခုလို့ထင်လိုက်ပေမဲ့ အဲ့တစ်ခုခုက ကိုယ့်အတွက်တဲ့လား။ တစ်ခုခုမူမမှန်ဘူးလို့ထင်ပေမဲ့ ကိုကို့ရဲ့ရီဝေဝေအကြည့်တွေကို မလွန်ဆန်နိုင်တာနဲ့ပဲ ကိုကို့လက်ထဲကအိတ်ကိုအမြန်ယူပြီး ရေချိုးခန်းထဲ၀င်လာခဲ့လိုက်ရ၏။
အထဲရောက်မှ အိတ်ကိုဖွင့်ကြည့်လိုက်တော့ ဘုံဘုံ့မျက်နှာတွေပူလောင်သွားရသည်။ တွေ့လိုက်ရတဲ့၀တ်စုံက maid dress အဖြူအနက်စပ်ထားတဲ့ ဂါ၀န်အတိုလေး။ ဒီ၀တ်စုံမျိုးကို သူလည်းလိုင်းပေါ်မှာတွေ့ဖူးတာကြောင့် စိမ်းမနေပါ။ ဒါပေမဲ့ ခုကသူကိုယ်တိုင်၀တ်ရမယ်ဆိုတော့ နည်းနည်းတစ်မျိုးဖြစ်နေသလို မျက်နှာမှာလည်း အပူလှိုင်းတွေဖြတ်ပြေးနေသလိုခံစားရသည်။
ဒါပေမဲ့ ကိုကို့ကိုလည်း ဆွဲဆောင်ချင်နေတဲ့စိတ်လေးဖြစ်နေတာကြောင့် ရှက်ရှက်နှင့်ပင် ၀တ်ဖို့ဆုံးဖြတ်လိုက်တော့သည်။
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်