ဘုံဘုံ အိပ်ယာထဲမှာ ညနေကအကြောင်းတွေးပြီး
ပြုံးနေတာမရပ်တော့။ မျက်လုံးထဲမှာ ကိုကို့ပုံရိပ်ကို လုံး၀ဖျောက်လို့မရ။ မျက်လုံးမှိတ်လိုက်လျှင်တောင်
ကိုကို့ပုံရိပ်ပဲမြင်နေသည်။ ဒီလို အင်မတန်ချောမော
စမတ်ကျလှတဲ့လူမျိုးက ဘယ်ကောင်မလေးနဲ့မှလိုက်မှာမဟုတ်! ဘုံဘုံနဲ့ပဲလိုက်မှာ ဟိဟိ...!ခက်တာက ကိုကိုကဘယ်လိုလူမျိုးလဲ ၊
ယောကျာ်းလေးချင်းသဘောကျပါ့မလား
နောက်အရေးကြီးဆုံးက ကိုကို့မှာသက်ဆိုင်သူတွေများရှိနေခဲ့ရင် ...ဟင့်အင်း အတွေးနဲ့တင် ရင်ထဲပူလောင်မွန်းကြပ်လာရသည်။ ပထမဆုံးအချစ်ကို အသည်းကွဲပြီးတော့ဖြင့် ဇာတ်မသိမ်းချင်ပါ။ ဒါပေမဲ့ တကယ်လို့သာ သက်ဆိုင်သူတွေရှိနေခဲ့ရင်တော့ဖြင့် ရင်နာနာနဲ့ အချစ်ဦးလေးကို ရင်ထဲသိမ်းထားရုံပေါ့လေ။အတွေးတွေများကာ စိတ်တွေရှုပ်လာတာနဲ့ fb မှာ
Thi Khant Oo ဆိုတဲ့ နာမည်လေးရိုက်ကြည့်တော့ followers 1M blue mark နဲ့ကျလာတော့ ဘုံဘုံမျက်လုံးတောင်ပြူးမိသွားသည်။ အင်းပေါ့ဒီလောက်ချောမောနေတော့ follower သန်းချီရှိနေတာမဆန်းပါဘူး။ acc ထဲ၀င်ကြည့်တော့ ဘာမှသိပ်တင်ထားတာမတွေ့ ။ acc ထဲမွှေနှောက်လို့အားရမှ friend request လေးကိုဖိပြီး လိုင်းပိတ်ကာအိပ်လိုက်တော့သည်။ ကိုကို့ရဲ့ ရှားရှားပါးပါး ပုံလေးတွေ saveထားဖို့လဲမမေ့...။..........
တည်ခန့် ဒီနေ့တော့ ရုံးခွဲအသစ်အတွက် ထွဋ်ခေါင်တို့ကုမ္ပဏီကို စောစောထွက်လာခဲ့လိုက်သည်။ ထွဋ်ခေါင်ဆိုတာ တခြားမဟုတ် ကိုယ်နဲ့ stateထဲက ပေါင်းလာတဲ့ စီးပွားဖက်သူငယ်ချင်း။ ခုလဲ arrow နဲ့ ဖက်စပ်ကုမ္ပဏီဖွင့်ဖို့ကိစ္စအတွက် သွားခြင်းသာ။
“ဟာ တည်ခန့် လာကွာမင်းကို စောင့်နေတာ
ကုမ္ပဏီအတွက် ဘာတွေလိုအပ်သေးလဲ၊ ငါလည်းအလုပ်ရှုပ်နေတာနဲ့ မင်းကိုခုမှပဲအချိန်ပေးဖြစ်တယ်ကွာ”“ရပါတယ်ကွာ....မင်းလဲအစောပိုင်းလိုအပ်တာတွေအကုန်စီစဉ်ပေးထားတာပဲ အကုန်အဆင်ပြေတယ်။
ခုလကုန်လောက်ဆို စဖွင့်နိုင်ပြီ၊ ကျန်တဲ့ရုံးပိုင်းလိုအပ်တာလေးတွေတော့ မင်းနဲ့ပြန်တိုင်ပင်ရမှာပေါ့”

YOU ARE READING
Ko Ko Is My Energy ( Complete)
RomanceLove is first sight ❣️ တည်ခန့်ဦး ❤️ ဘုံခုနှစ်ဆင့် ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်