ဘ၀တစ်လျှောက်လုံး ဒီလောက်တစ်ခါမှ ရင်မတုန်ခဲ့ဖူးဘူး။ ရှင်းရှင်းပြောရရင် 10တန်းဖြေခဲ့တုန်းကတောင် ရင်မတုန်ခဲ့ဘူး။ ခုတော့ဖြင့် ကလေးဆီမှ 'မေမေကကိုကိုနဲ့တွေ့ချင်တယ်တဲ့'ဆိုတဲ့ စကားတစ်ခွန်းကြောင့် တည်ခန့်မှာမနေ့ညကလည်းကောင်းကောင်းအိပ်မပျော်...ခုမနက်လည်း ရင်တွေပူပြီး ဘာမှပင်မစားနိုင်။ ကိုယ့်အိမ်ကိုဖွင့်ပြောခဲ့တုန်းကတောင် ဒီလောက်မပူပန်ခဲ့ရ...။ ခုလည်း ကလေးတို့အိမ်ရဲ့ ဧည့်ခန်းထဲမှာရောက်နေတာဖြစ်ပြီး ယောက္ခမကြီးရဲ့နှစ်ယောက်ထဲစကားပြောချင်တယ်ဆိုတဲ့စကားကြောင့် ကလေးကသူ့အခန်းရှိရာအပေါ်ထပ်သို့တက်သွားလေ၏။ နောက်ဆုံး ကိုယ့်ဘက်က ယဉ်ကျေးသမှုဖြင့်သာ နာမည်ကို စတင်မိတ်ဆက်လိုက်တော့သည်...။
"ကျွန်တော့် နာမည်က တည်ခန့်ဦးပါဗျကလေး...အာ...ဘုံဘုံအခုလုပ်နေတဲ့ကုမ္ပဏီရဲ့ CEOပါဗျ"
ရှေ့က သားဖြစ်သူရဲ့ကောင်လေးအင်း....တစ်နည်းအားဖြင့် သူ့ရဲ့သမက်ဖြစ်လာမဲ့သူကို ရောက်ကတည်းက သေချာအကဲခတ်ကြည့်နေမိသည်။ မတည်မတင်းမျက်နှာအနေအထားနှင့် ဥပဓိရုပ်ကောင်းလွန်းလှတာကြောင့် သားဖြစ်သူကြိုက်ရင်လည်းကြိုက်ချင်စရာပါပဲ....။ သူ့ရဲ့စိတ်ရင်းကိုသိရဖို့ကိုတော့ ဒီနေ့သူမစကားသေချာပြောကြည့်ရမည်။
"အင်း ဟုတ်ပါပြီ သက်တောင့်သက်သာနေပါ အန်တီက သားနဲ့စကားပြောကြည့်ချင်လို့ခေါ်လိုက်တာပါ"
"ဟုတ်ကဲ့ အန်တီ ပြောပါဗျ"
"အန်တီ့သားဘုံဘုံလေးနဲ့ သာနဲ့ကြိုက်နေကြတာကို သားအိမ်ကရောသိရဲ့လား...၊ ပြီးတော့ခွင့်ပြုရဲ့လား"
သူမအနေနဲ့တော့ အရေးကြီးတဲ့ အချက်ကိုသာ အရင်မေးလိုက်တယ်။ ယောင်္ကျားလေးချင်းဆိုတဲ့ ဆက်စပ်မှုမှာ ဘယ်မိဘကမှတော့ လွယ်လွယ်ခွင့်ပြုဖို့ရာမလွယ်။ အစကတည်းက ခက်ခဲတဲ့လမ်းကိုလျှောက်ရမှာမို့ အမျိုးတော်ရမဲ့ယောက္ခမတွေဆီမှ မျက်နှာငယ်အငြို
ငြင်ခံရမှာမျိုး သားလေးကိုမဖြစ်စေလိုပါ....။"ဟုတ်ကဲ့အန်တီ ကျွန်တော်ပြောပြထားတာမို့ အိမ်ကမိသားစု၀င်အကုန်လုံးသိကြပါတယ်...ပြီးတော့ ကန့်ကွက်တာမျိုးလည်းမရှိပါဘူး...။ ကျွန်တော် ဘုံဘုံ့ကိုအိမ်ခေါ်ပြီးမိတ်ဆက်ပေးဖို့လည်း တွေးထားပြီးပါပြီ... အဆင်ပြေမယ်ဆိုရင် နောက်ကျရင်အန်တီ့ကိုလည်း အိမ်ကိုထမင်းစားဖို့သီးသန့်ဖိတ်ချင်ပါတယ်"
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်