ကိုကိုတင်ထားတဲ့ လက်ထပ်ခွင့်တောင်းတဲ့ video file လေးက online မှာညတွင်းချင်းပင်ပြန့်နှံ့
သွားလေသည်။ ဘယ်ကဘယ်လို video တွေရိုက်ထားမှန်းမသိပေမဲ့ နှစ်ယောက်လုံးက ခံစားချက်အစစ်အမှန်တွေမှန်း သိသာစွာ ကြည့်ရသူတိုင်းကိုကြည်နူးမှုဖြစ်စေ၏။Kyi Phyu - wow wow wow ငါတောင်ရည်းစားလိုချင်သွားပြီဟယ်
Min Htet - congratulations ငါ့ကောင်ကြီး အားကျတယ်ကွာ
Htut Kaung- မကြာခင်လူပြိုဖြစ်တော့မယ့်
တည်ကြီးအတွက် Big Con ပါကွာ_အားကျလိုက်တာဟယ်
_1 month မှာ လက်ထပ်ခွင့်တောင်းခံရတယ်တဲ့လား
_အမလေး ချစ်တတ်မှုကြီး
_ငါ့သူငယ်ချင်းငြိမ်လှငြိမ်လှနဲ့ လက်စသတ်တော့ ယောကျာ်းတန်းယူဖို့ကို
_တကယ်ကိုလိုက်ဖက်လိုက်တာ
_အဲ့လိုအချစ်ခံရအောင်ဘာဆေးစားရလဲဟင်
သိတဲ့သူတွေရော မသိတဲ့သူတွေရော အမျိုးမျိုးမန့်ထားတာတွေ ဖတ်ကြည့်ရင်း ဘုံဘုံကြည်နူးနေမိသည်။
မန့်တော်တော်များများမှာ မကောင်းတာသိပ်မတွေ့ရတာမို့လည်း စိတ်အေးသွားသည်။ မကောင်းတာမန့်လာခဲ့ရင်လည်း သူကတော့ဘလော့ပစ်ရုံသာ။ စိတ်ရှုပ်စရာတွေကို ဖတ်နေစရာအကြောင်းမရှိ။ လူတိုင်းကကိုယ့်ဘ၀နဲ့ကိုယ်နေပြီး ကိုယ့်လမ်းကိုလျှောက်ရမှာလေ။
ပြစ်တင်ဝေဖန်နေသူတွေရဲ့စကားကြောင့် ကိုယ့်ပျော်ရွှင်မှုကိုတော့မလဲနိုင်ပေါင်။"ကလေး ဖုန်းလေးလည်းလက်ထဲကချပါဦးကွာ...."
ကိုကို့အသံကြားတာကြောင့် ကြည့်လိုက်တော့
လက်ထဲမှာ အသီးပန်းကန်ကိုင်လျက်နှင့် သူ့ဆီလျှောက်လာ၏။ ခုရောက်နေတာက ကိုကို့တိုက်ခန်းမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ခွင့်ပြုလိုက်ထဲက လွတ်လွတ်လပ်လပ်တွေ့ရချိန်တွေက ပိုပိုများလာခဲ့သည်။"မန့်တွေဖတ်နေတာပါကိုကိုရ ....သိလားကိုကို...
ကျွန်တော်တို့ပို့စ်ကို ရှယ်တဲ့သူကိုက 10k ကျော်နေပြီ ဟဟ ဘုံဘုံတို့တော့ ယောကျာ်းယူမှ နာမည်ထကြီးနေပြီ..."
![](https://img.wattpad.com/cover/363240560-288-k242263.jpg)
YOU ARE READING
Ko Ko Is My Energy ( Complete)
RomansaLove is first sight ❣️ တည်ခန့်ဦး ❤️ ဘုံခုနှစ်ဆင့် ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်