"ဟဲ့ ဘုံဘုံ ခုတလောလိုင်းပေါ်မှာပွဲဖြစ်နေတာသိလား"
"ဘာပွဲလဲဟ"
"Seme team နဲ့ uke team ပြိုင်တဲ့ပွဲလေ"
"ဟင် ဘယ်လိုကြီးလဲ နင့်ဟာကလည်း"
"အဟမ်း...ဒီလိုဟာ နင်တို့လို bl အတွဲကိုအားပေးတဲ့သူတွေမှာမှ ကိုတည်ခန့်တို့လို semeတွေဘက်ကတစ်ဖွဲ့ နင့်လိုမျိုး ukeကို အားပေးတဲ့မားမားတွေကတစ်ဖွဲ့ အချင်းချင်း ငါတို့သားက ဘယ်လို သူတို့သားကဘယ်လို ပြိုင်ကြတာပေါ့ဟာ"
"ဟင် ဘာကြီးလဲ ငါတို့ကသူတို့သားမှမဟုတ်တာ"
"ခွီ....အေး သူတို့ကတော့ နင်တို့ကိုသူတို့သားလေးလိုသဘောထားပြီး ချစ်ကြအားပေးကြတာပေါ့ဟယ်"
"ရှုပ်နေတာပဲ"
"လာလာ...ငါပြမယ်"
ပြောရင်းဆိုရင်း ကြည်ဖြူမက သူ့ကိုအနားဆွဲက သူ့ဖုန်းထဲက ပို့စ်တွေပြလေတော့သည်။
*ဒီမှာဟာ ဒါဆို fic ထဲကသူတို့သား semeတွေ ဘယ်လောက်မိုက်ကြောင်းချီးမွမ်းထားတာ*
ဒီမှာဒီမှာ ဒါဆိုကြည့်
*uke ဘယ်လောက်ဇာတ်နာနာဘယ်လိုမှမနေပေမဲ့ seme ဇာတ်နာတာနဲ့ မျက်ရည်ကပိုးပိုးပေါက်ပေါက်ကျပြီ* တဲ့ ခွီ...
*နင်တို့ uke လေးတွေလည်း သနားစရာနော် ဇာတ်နာတော့လည်းငိုမဲ့သူမရှိ seme ကပြန်ချော့ရင်လည်းခဏနဲ့ပျော့သွားရပြန်ရော*
"နေပါအုံး နေပါအုံး... အဲ့ဒါက တစ်ဖတ်သတ်ဆန်မနေဘူးလား... uke team ကဘာမှပြန်မပြောဘူးလားအဲ့တော့"
"ပြောတာပေါ့ နေမလား....နေအုံးခဏ ငါရှာပြမယ်"
ပြောရင်း သူ့ဖုန်းထဲကနေ ပို့စ်တွေရှာနေပြန်သည်။
"ဒီမှာ ဒီမှာ တွေ့ပြီ"
*နင်တို့ seme တွေ မာဖီးယားမက ဘာကြီးပဲဖြစ်ဖြစ် အချိန်တန်ရင် ငါတို့သားတွေကို ချော့ရတာပဲ*
*မချစ်ဘူးမချစ်ဘူးဆိုပြီး ukeကပစ်သွားတာနဲ့ သွေးပျက်သွားရတာ ဘယ်သူတွေလဲ*
"အေးလေ ဟွန်း သူတို့ semeတွေပဲအကောင်းပြောနေလို့ရမလား"
ကြည်ဖြူလည်း သူလိုချင်တဲ့အခြေအနေရောက်လာပြီဆိုတာရိပ်မိသွားတော့ အကောင်အထည်ဖော်ဖို့ရာ စကားစလိုက်တော့သည်။
YOU ARE READING
Ko Ko Is My Energy (Complete)
عاطفيةLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်