လူကကားမောင်းနေပေမဲ့ ဦးတည်ရာမဲ့ဘယ်ကိုသွားရမှန်းမသိ။ သူ့ဘေးကကောင်လေးကတော့ကားပေါ်ရောက်ကတည်းက စကားလုံး၀မပြောသလို ထွဋ်ခေါင်ဘက်ကိုလည်းလုံး၀မကြည့်။ တင်းနေအောင်အံကြိတ်ထားတဲ့ မေးရိုးတွေက ဒေါသတွေထိန်းနေမှန်းသိသာနေသည်။ တစ်ခါမှ ဒီလိုဒေါသဖြစ်တာကို မမြင်ဖူးတာကြောင့် သူလည်းဘာလုပ်ရမှန်းမသိဖြစ်နေသည်။
ပိုဆိုးတာက ဘာကြောင့်ဒီလောက်စိတ်ဆိုးသွားရလဲမသိတာပင်။ ခုပုံစံက စိတ်အနှောင့်အယှက်ဖြစ်သွားလို့ စိတ်ဆိုးစိတ်ကောက်တာမျိုးနှင့်လုံး၀မတူ။ ဒါက သူ့ကောင်လေးရဲ့ သူမသိသေးတဲ့ဘက်ခြမ်းဖြစ်နိုင်သည်။
နောက်ဆုံးမနေနိုင်စွာပဲ လူရှင်းတဲ့တစ်နေရာမှာ ကားရပ်လိုက်ကာ ချော့မေးဖို့ဆုံးဖြတ်လိုက်တော့သည်။"ဘာဖြစ်လို့လဲ ဟင်....ကိုယ့်ကြောင့်စိတ်ဆိုးသွားတာလား...အဲ့လိုအံကြိတ်ပြီးစိတ်မထိန်းထားပါနဲ့ကွာ..."
"ကိုယ့်ကိုဘာလုပ်ချင်လဲ ထုချင်လား ရိုက်ချင်လား...ဟင်...ချစ်သူလေးကဘာဖြစ်လဲပြောပြမှ ကိုယ်ကသိမှာလေကွာ..."
"ဘာကြောင့်စိတ်ဆိုးဆိုး ကိုယ်နောက်တစ်ခါလုံး၀မဖြစ်အောင်နေပေးမှာမို့ အရမ်းဒေါသမဖြစ်ပါနဲ့နော်....ချစ်သူလေးပင်ပန်းမှာစိုးလို့ပါ"
"....."
ကောင်လေးလက်လေးကို အသာလေးဆုပ်ကာ စိတ်ပြေဖို့ပြောနေပေမဲ့ ဘာစကားမှမတုံ့ပြန်လာပဲ အရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။ သူလည်းဘာလုပ်ရမှန်းမသိတော့တာကြောင့်.... သူ့ကောင့်လေးပုခုံးပေါ် ခေါင်းလေးထိရုံလေးတင်ပြီး လက်လေးကိုဖွဖွလေးဆုပ်ပေးနေမိသည်။
"ဘာမှမပြောတော့ဘူးလား ..."
"ကိုယ်ကမကောင်းတာပါ...တကယ်ဆိုဘာမဟုတ်တဲ့သူကြောင့် ချစ်သူလေးကိုစိတ်ပင်ပန်းစေရပြီ"
"...."
"...."
"လူကြီးကြောင့်မဟုတ်ဘူး"
"ဟင်"
ရုတ်တရက်ထပြောလာတာကြောင့် ထွဋ်ခေါင်
ကြောင်အ သွားရသည်။ နောက်ဆုံးတော့
သူ့ချစ်သူလေးကကားပြောလာခဲ့ပြီ။
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်