"ဘုန်း ....!"
"အမလေး....ဟာ ကြည်ဖြူရာဖြေးဖြေးသာသာလုပ်ပါဟ နှလုံးရောဂါတွေ ရကုန်တော့မှာပဲ"
"ငါနင့်ကိုဒီ report တွေ ဆရာ့ဆီသွားတင်ချေလို့ ပြောနေတာ နင်မှမကြားတာ"
"ဟုတ်လား ဟီးဟီး မသိလိုက်လို့နော် ၊ ဒါဆိုငါသွားပို့လိုက်အုံးမယ်နော်...ကျေးဇူးသူငယ်ချင်းလေး။ ကိုကို့မျက်နှာလေးမမြင်ရတော့ စိတ်တွေထုံထိုင်းနေတာ။
ခုတော့အားအင်လေးသွားယူလိုက်အုံးမယ်""ကြွ....ကြွ...."
🎶ကိုကိုကယ်ရင် လွတ်မြောက်ခွင့်ရမဲ့အချစ်ပါကွယ်.....🎶
ဘုံဘုံသီချင်းလေးငြီးရင်း ကိုကို့ဆီထွက်လာခဲ့လိုက်သည်။ ရုံးကလူတွေဆို ဘုံဘုံဆိုလွန်းလို့ ဒီသီချင်းကိုအလွတ်ရနေပြီဟုပင် ပြောနေကြသည်။မဖြစ်ပါဘူး ညကျ ကိုကိုသီချင်းအသစ်ရှာအုံးမှပါလေ......
ဒေါက်... ဒေါက် ...!
"၀င်ခဲ့ပါ"
ကိုကို့အသံကြားတာနဲ့ဘုံဘုံအခန်းထဲ၀င်သွားလိုက်သည်...။
"ဪ ဘုံဘုံ လာလေ"
"ဟုတ်ဆရာ report လာပို့ပေးတာပါ"
"အစ်ကိုပဲ ခေါ်လို့ရပါတယ်ကွာ"
"အလုပ်မှာဆိုတော့ သူများတွေလို လေးလေးစားစားခေါ်သင့်တာပေါ့ အစ်ကိုကလည်း"
"ဘာမှမဖြစ်ပါဘူးဗျာ... မင်း ဆရာခေါ်တာထက် အစ်ကိုခေါ်တာက ပိုအဆင်ပြေလို့ ဟုတ်ပြီလား"
"ဟုတ်"
ဘုံဘုံ ပြောရင်း report တွေစစ်နေတဲ့ ကိုကို့ကို ငေးကြည့်နေမိသည်။ suit နက်ပြာရောင်ကို နက်ကတိုင်အနက်အကြားလေးတပ်ထားပြီး လေးထောင့်မကျ
တကျမျက်နှာနှင့် ဖြီးတင်ထားသောဆံသားတွေကြောင့် ကြည့်ရတာအရမ်းကိုချောခန့်လွန်းနေသည်။ ဘယ်လိုလုပ်ရမလဲ ဒီတိုင်းတောင်သဘောကျနေတာ ကိုကိုအလုပ်လုပ်နေတဲ့ပုံစံက အရမ်းကိုဆွဲဆောင်မှုရှိလွန်းနေတယ်....။"အဟမ်း"
ချောင်းဟန့်လိုက်တော့ ကိုကိုက ဘာလဲဆိုတဲ့မျက်နှာထားနှင့် မော့ကြည့်လာသည်။"ဟိုလေ ကျွန်တော်တို့ရုံးကလူတွေပြောကြသလိုပဲ၊ ကျွန်တော်ဒီရုံးကိုရောက်လာတာ ကံကောင်းတယ်လို့ပြောမလို့ပါ"
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်