အမေက ဘုံဘုံ့ကို ဘာမှပြောခွင့်မပေးပဲ အခန်းထဲသို့တန်း၀င်သွားတာကြောင့် ဘုံဘုံ့ စိတ်ပျက်လက်ပျက်နှင့်သာ အခန်းထဲသို့ ၀င်လာခဲ့လိုက်ရတော့သည်။ အစကတော့ အမေ့ကိုသူချွဲပြောရင် ရမယ်တွေးထားပေမဲ့
ခုကအခြေနေတွေက ပြောင်းပြန်ဖြစ်နေသည်။ အမေ့ကိုဘယ်လိုလက်ခံပေးအောင်ကြိုးစားရမလဲပင်မသိတော့။ လောလောဆယ်တော့ ကိုကို့ကိုပြောပြပြီး အလုပ်က
ခွင့်ယူထားရအုံးမည်။ ဒီကြားထဲမှာ အခြေအနေတွေ အဆင်ပြေကောင်းမွန်လာဖို့ ကြိုးစားရမည်သာ။ ဒီနေ့တစ်ရက်ထဲနဲ့ကို လူကစိတ်ရောကိုယ်ပါပင်ပန်းပြီး
ဂျုံးဂျုံးကျသွားသလိုခံစားလိုက်ရသည်။ ခုမှအစရှိသေးတာမို့ ဒီလောက်နဲ့စိတ်ဓာတ်ကျနေလို့မဖြစ် နောက်ကြုံတွေ့ရမဲ့အရာတွေအများကြီးရှိသေးတယ် မလား။ကိုကိုဟာကြင်နာတာတွေတကယ်ကိုစွမ်း.....
'ဟုတ်သားငါ ကိုကို့ဆီဖုန်းမခေါ်ရသေးဘူး မေ့နေတာပဲ ကျစ်! ' ဖုန်းမြည်သံကြားမှသာ ကိုကို့ဆီဖုန်းမခေါ်ရသေးတာ သတိရသွားတော့သည်။
"ဟယ်လို ကိုကို"
"ကလေး အဆင်ပြေလား အန်တီကဘာပြောသေးလဲ... ကိုယ်ကလေးဖုန်းကိုစောင့်နေပေမဲ့ မဆက်လာတာနဲ့ ခေါ်ကြည့်လိုက်တာ အရမ်းစိတ်ပူနေတာ အဆင်ပြေပြေရှိရဲ့လားဟင်"
တစ်ဖက်ကနေ တကယ်ကိုစိတ်ပူပန်စွာပြောနေတဲ့ အသံချိုချိုလေးကြောင့် စိတ်ညစ်တဲ့ကြားမှ ဘုံဘုံပြုံးမိသွားရ၏။ ကိုကိုသာရှိရင် သူဘာမဆိုရင်ဆိုင်နိုင်ပါသည်။
"ရုတ်တရက်ဆိုတော့ လက်မခံနိုင်ဘူးဖြစ်သွားတာပါ
မစိုးရိမ်ပါနဲ့ကိုကိုရဲ့ ကျွန်တော်လက်ခံလာအောင်ပြောမှာပါ စိတ်ချနော်"ဘုံဘုံပြောလိုက်တော့ သက်ပြင်းချသံတိုးတိုးလေးသာ ကြားလိုက်ရပြီး ဘာမှပြောမလာ။
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်