Part 5

2.5K 128 6
                                    

အချစ်ဆိုတာ မျက်တောင်တစ်မှိတ်အတွင်းမှာပဲ တစ်စုံတစ်ယောက်ကို ချစ်မိသွားစေတာမျိုးဆိုရင်
အဲ့ဒီသူက ကောင်လေးတစ်ယောက်လဲဖြစ်နိုင်တယ်
လား.....!

ဘုံဘုံတို့ရုံးပြောင်းသွားကြကတည်းက မင်းထက်မှာပျင်းနေရသည်။ အကြောင်းမှာ ပေါက်ပေါက်ဖောက်ဖော် မရှိတော့သောကြောင့် ....။ နောက်ပြီး ဒီရက်ပိုင်းမျက်စိဆံပင်မွှေးစူးလောက်အောင် မတည့်နေတဲ့သူလဲရှိလေသည်။ ထိုသူကတော့...

"မင်းထက် ကိုယ့်ကိုကော်ဖီလေးဖျော်ပေးခဲ့ပါအုံး"

ကျစ်! ငါ့ကို သူ့secretary မြန်းမှတ်နေလားမသိ၊
မလုပ်ပေးလို့ကလဲမရ... ကိုယ့်အထက်လူကြီးဖြစ်နေလို့သာသည်းခံနေရတယ်။ ကျောင်းပြီးလို့ဘွဲ့ရရင်တော့ အလုပ်ကိုပြောင်းပစ်မယ်ဟု ကျိန်းဝါးထားလိုက်သည်။

"ဆရာ ရပါပြီ၊ ဘာခိုင်းစရာရှိသေးလဲခင်ဗျ"

ထိုအခါ အဓိပ္ပါယ်ပါတဲ့အပြုံးတစ်ခုကို ချိတ်ဆွဲလျက် မင်းထက်အရှေ့သို့လျှောက်လာ၏။

"ခိုင်းစရာရှိတာပေါ့"

"ဟုတ်ကဲ့ ပြောပါဗျ"

"ကိုယ့်ကိုချစ်ခိုင်းဖို့‌လေ"

"ဗျာ....ဟို ဒါမျိုးကစ,စရာမဟုတ်ပါဘူး ဆရာ၊
ပြီးတော့ ကျွန်တော်က straight ပါခင်ဗျ၊ ဒါဆိုခိုင်းစရာမရှိတော့ရင် ခွင့်ပြုပါအုံး"

မင်းထက်ထွက်သွားမယ်ကြံခါမှ လက်ကိုလှမ်းဆွဲလိုက်တာကြောင့် လူကဟန်ချက်ပျက်ပြီး အရှေ့ကိုယိုင်သွားချိန် သူ့ရဲ့ရင်ဘတ်ပေါ်လက်‌ဖဝါးကအလိုလိုတင်မိပြီးသားဖြစ်သွား၏။ အနေအထားကတစ်မျိုးဖြစ်နေတာကြောင့်.....

"boss ဘာလို့ဆွဲလိုက်တာလဲဗျ၊ ပြောစရာရှိရင်အေးဆေးပြောပါ"

"အဟက် ‌ကိုယ်ကအေးဆေးပြောမလို့ပါပဲ မင်းကထွက်သွားချင်နေလို့ လှမ်းဆွဲထားလိုက်ရတာ.....ပြီးတော့ ဆရာလို့ခေါ်တာထက် boss လို့ခေါ်တာပိုနားထောင်ကောင်းတယ် အဟင်း...."

"ဟုတ် ပြောစရာရှိရင်ပြောပါ။ ကျွန်တော်လုပ်စရာတွေရှိသေးလို့ အလုပ်ကိစ္စမဟုတ်ရင်တော့ နောက်မှပဲပြောပါ"

Ko Ko Is My Energy (Complete)Where stories live. Discover now