အချစ်က ကိုယ့်မူပိုင်မဟုတ်သေးတော့လဲ ပူပန်ရပြန်တယ်......
ရုံးမှာ system update အတွက် training လာပေးမှာကြောင့် တစ်ရုံးလုံးအလုပ်ရှုပ်နေရသည်။system အသစ်ဖြစ်တာကြောင့် trainer ရှိတုန်းသေချာသင်ယူထားပြီး မသိတာရှိရင်တစ်ခါထဲရေးမှတ်ထားနိုင်မှ နောက်ပိုင်းကိုယ့်ဟာကိုယ်လည်ပတ်တဲ့အခါ အဆင်ပြေနိုင်မှာဖြစ်သည်။ နေ့စဉ်လုပ်နေကြအလုပ်တွေကို တခြား၀န်ထမ်းတွေကပိုလုပ်နေရပြီး manager ရယ် assistant ရယ်ဘုံဘုံတို့3ယောက်ရယ်ကတော့ training အရင်ကြိုပြီးသင်ရလေသည်။
ဒီနေ့ကတော့ ပထမဆုံးစသင်ရမဲ့နေ့...
"ဘုံဘုံ trainer ရောက်လာပြီသိလား"
"ဟုတ်လား ၉နာရီစမှာမဟုတ်လား၊ ငါဒီဟာလေးသေချာလွှဲထားခဲ့အုံးမယ်"
"အေး ဟုတ်တယ်၊ ငါသိလာတာတစ်ခုရှိတယ်သိလား"
"ဘာလဲ" အလုပ်ရှုပ်နေတာမို့ ဘုံဘုံစိတ်မ၀င်စားအားပဲပြန်ဖြေလိုက်၏။
"ခု trainer က ဆရာတို့နဲ့တစ်ကျောင်းထဲအတူတက်ခဲ့တဲ့သူတဲ့ သိလား။ တော်တော်လေးလည်း ချောတယ်"
"ဟုတ်လား၊ အဲ့တာဘာဖြစ်လို့လဲ"
"ဟဲ့ နင်ဒုံးမဝေးစမ်းပါနဲ့ဟယ်၊ နင့်ကိုသတိထားဖို့ပြောနေတာ အဲ့တစ်ယောက်ကိုသေချာစောင့်ကြည့်ထား"
"နင်ကလည်းဟာ ဘာမှမဟုတ်လောက်ပါဘူးဟ"
"အေး ပြီးသာပဲ... နင်ကျန်ရစ်ဖြစ်နေခဲ့မှာစိုးလို့ ငါကသတိပေးတာ"
"အေးပါ ကျေးဇူးပါဟ"
ကြည်ဖြူပြောမှ ဘုံဘုံအနည်းငယ်ပင် စိုးရိမ်စိတ်လေး၀င်လာရသည်။"ဟဲ့ ဟဲ့ ဟိုမှာလာနေပြီ"
ကြည့်ဖြူ့စကားကြောင့်လှည့်ကြည့်လိုက်တော့ ဆံပင်ကိုအပြောင်သိမ်းစည်းထားပြီး ဘလောက်စ်အင်္ကျီအဖြူလေးကို နက်ပြာရောင်စကပ်အကပ်လေးနဲ့တွဲ၀တ်ထားကာ ရှူးဖိနပ်အဖြူရောင်စီးပြီး လမ်းလျှောက်လာပုံက မြင်တဲ့သူတိုင်းလည်ပြန်ငေးမောစရာ....။ ဘုံဘုံတို့အခန်းဘက်ကို မပြုံးမတည်မျက်နှာထားနှင့် လျှောက်လာပြီး ဘုံဘုံတို့ဆီရောက်တာနဲ့
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်