ညစာထမင်းစားဝိုင်းမှာ လူစုံတက်စုံ ဖြစ်နေ၏။
တည်ခန့်က တစ်ခါတစ်လေမှအိမ်ပြန်လာတတ်တော့ သူလာတဲ့အချိန်တိုင်းအမြဲလူစုံအောင်စောင့်ပြီးမှ စားတတ်ကြသည်။ အမှန်တော့ ကလေးနဲ့ကိစ္စကို မလောချင်ပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန်သိမဲ့ကိစ္စမို့
အချိန်တွေမဆွဲချင်ပေ...။ သူများပြောမှသိမှာထက် ကိုယ်တိုင်နား၀င်အောင်ပြောပြတာက ပိုကောင်းတဲ့ရွေးချယ်မှုလို့သာထင်တယ်။"အဟမ်း.... ကျွန်တော်အားလုံးကိုပြောပြစရာရှိပါတယ်"
"ဘာများလဲသားရဲ့ ထူးထူးဆန်းဆန်း ဒီလိုတစ်ခါမှမရှိဖူးပါဘူး"
"ဟုတ် ပြောမဲ့ကိစ္စကအရေးကြီးလို့ ထမင်းစားပြီးမှဧည့်ခန်းမှာပဲအေးဆေးထိုင်ပြောတော့မယ် မေမေ"
သူပြောလိုက်တော့ အားလုံးက ပဟေဠိမျက်လုံးတွေနဲ့သူ့ဆီကြည့်လာပြီးနောက် ထမင်းဆက်စားကြလေသည်။
"သား ပြောစရာရှိတယ်ဆိုပြောလေ"
"ကုမ္ပဏီမှာ ပြဿနာရှိလို့လားညီလေး"
"အဖေတို့အားလုံးက မိသားစု၀င်တွေပဲပွင့်ပွင့်လင်းလင်းသာပြောပါ"
ဧည့်ခန်းမှာလူစုံတက်စုံက တည်ခန့်ပြောမှာကို
စိတ်၀င်တစားရှိနေကြပြီး သူဘာမှစ,မပြောတော့ မေမေတို့ရော ကိုကြီးကပါထုတ်မေးလာ၏။ မပြောမဖြစ်တဲ့ကိစ္စအတွက် တွန့်ဆုတ်နေလို့မပြီးတာမို့..."ကျွန်တော့်မှာ ချစ်ရမဲ့သူရှိနေပါပြီ...ပြီးတော့ သူကကောင်လေးတစ်ယောက်ပါ"
"ဟင်!"
"ဘယ်လို!"
လုံး၀မထင်မှတ်ထားကြတဲ့ စကားဖြစ်နေတာကြောင့် အားလုံးက ဆွံ့အသွားကြ၏။ ဒါကြောင့်သူကပဲ
"ကျွန်တော်ဒီကိစ္စကိုပြောရင် အားလုံးshockဖြစ်သွားကြမယ်ဆိုတာ တွေးထားပြီးသားပါ။ ကျွန်တော့်အသက်အရွယ်က စိတ်ကစားရမဲ့အရွယ်မဟုတ်ဘူးဆိုတာလည်း အားလုံးသိကြမှာပါ။ ကျွန်တော့်တစ်ဘ၀လုံးစာအတွက်ရင်ခုန်မိသူဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်မယ်လို့ ကိုယ်တိုင်လည်းမထင်ခဲ့မိဘူး။ မထင်မှတ်ထားစွာပဲ ချစ်မိသွားခဲ့ပေမဲ့ သူ့ကိုတော့ ကျွန်တော့်တစ်ဘ၀လုံးအတွက်ရည်ရွယ်ထားတာမို့ အားလုံးကကျွန်တော့်ရဲ့ဖြစ်တည်မှုကိုလက်ခံပေးပါလို့ တောင်းဆိုပါရစေ"
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်