final

2.5K 67 0
                                    

မနက်ခင်းနေရောင်နွေးနွေးလေးက ပြတင်းပေါက်မှတစ်ဆင့် မျက်နှာပေါ်‌သို့ကျရောက်လာတာကြောင့် တည်ခန့်လက်နဲ့ကာလိုက်ရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့
သူ့ ခန္ဓာကိုယ်ကို ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဖြူဖြူ‌လုံးလုံးလေးကို တွေ့လိုက်ရသည်။
အဟွန်း....ဒီလိုမျိုးလေးက အရမ်းကျေနပ်စရာကောင်းနေတာမဟုတ်လား။ လူတွေဘာကြောင့်အိမ်ထောင်ပြုကြလဲ သူနားလည်သွားပြီ။

ချစ်ရသူကိုဖက်အိပ်ရင်း ချစ်ရသူနဲ့အတူနိုးထလာရတဲ့ မနက်ခင်းလေးက လောကတစ်ခုလုံးကိုအပိုင်စားရထားသည့်နှယ်။ ဟိုကောင်ထွဋ်ခေါင်ကိုလည်း မြန်မြန်ယောကျာ်းယူဖို့ ပြောရမယ်။ လောကစည်းစိမ်ကို ကိုယ်တစ်ယောက်ထဲခံစားနေရင် ဘယ်တရားပါ့မလဲလေ...။

ညကအကြောင်းတွေ ပြန်တွေးမိတော့ တည်ခန့်မျက်နှာမှာပျားရည်တွေလောင်းချလိုက်သလို ချိုမြသွားသည်။ ချစ်ရတဲ့ကောင်လေးက သူ့ရဲ့တက်မက်မှုတွေကိုတားဆီးခြင်းမရှိပါပဲ အကုန်လက်ခံပေးခဲ့တာသိရတော့ ပို၍ပင်မြတ်နိုးသွားရသည်။ ပြီးတော့ ချစ်စရာကောင်းအောင်ချွဲပြီး သူ့ကိုလည်းချီးကျူးသွားခဲ့သေးသည်မဟုတ်ပါလား ...။ ကလေးဆီကချီးမွမ်းသံနဲ့ သာယာတဲ့အသံချိုချိုလေးကြာရလေ သူ့ဆန္ဒတွေ အတောမသတ်ချင်လေဖြစ်ခဲ့ပေမဲ့ ကလေးလေးနေမကောင်းဖြစ်မည်စိုးသောကြောင့်သာ သူ့မှာဆင်ခြင်ခဲ့ရသည်လေ။

နာရီကြည့်လိုက်တော့ မနက်၁၀နာရီပင်ရှိနေလေပြီ။
သူ့ကလေးလေးစားဖို့ မနက်စာလေးပြင်ပေးရအုံးမည်။နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ကလေးကို အသာလေးနမ်းပြီး အိပ်ယာထဲကထခဲ့လိုက်ရတော့သည်။ စောင်ကိုလှပ်လိုက်တော့ သူပေးထားတဲ့အမှတ်အသားတွေက နေရာအနှံ့နီးပါး။ စိတ်ထဲမှာကျေနပ်သလို လိုက်ဖိုသွားရ၏။ ဒီကောင်လေးနဲ့ ဘ၀တစ်သက်လုံးသာ ဖြတ်သန်းသွားရ‌ရင် စိတ်တွေအမြဲလန်းဆန်းနေတာနဲ့တင် သူလည်းအိုလွယ်တော့မည်တောင်မထင်....။

မီးဖိုချောင်ထဲရောက်တော့ ကလေးအတွက် ကြက်သားဆန်ပြုတ်လေးပြုတ်ရင်း သူလည်းဆန်ပြုတ်သာစားဖို့ တွေးလိုက်သည်။ မနေ့ကတည်းက ‌ဟင်းချက်စရာတွေ ရေခဲသေတ္တာထဲအဆင်သင့်လာထည့်ပေးသွားကြတဲ့ အိမ်ကလူတွေကို ကျေးဇူးတင်မိသွားရသည်။ သူ့လိုဆိုရင် ဘာမှစားစရာရှိမည်မဟုတ်။ ဒါပေမဲ့ ရှေ့လျှောက်တော့ တစ်ယောက်ထဲမဟုတ်တော့တာကြောင့် ရေခဲသေတ္တာအပြည့် မုန့်တွေဟင်းချက်စရာတွေကို အမြဲဖြည့်ထားပေးဖို့ လုပ်ရတော့မည်....။

Ko Ko Is My Energy (Complete)Where stories live. Discover now