ဒီအပိုင်းမှာ warning ပိစိပေးပါတယ်နော်⚠️
“မောင်တည်ခန့်ဦး+မောင်ဘုံခုနှစ်ဆင့်”တို့၏ မင်္ဂလာဆွမ်းကျွေး
ဘုန်းကြီးကျောင်းအရှေ့မှာ ထောင်ထားတဲ့ ကျောက်သင်ပုန်းပေါ်က ဆိုင်းပုဒ်လေးက ရိုးရှင်းစွာနဲ့ ပီတိဖြစ်စေ၏။ ပွဲကြီးကြီးမလုပ်ချင်ဘူးဆိုသော ကလေးရဲ့တောင်းဆိုချက်ကြောင့် ဘုန်းကြီးကျောင်းမှာသာ ရင်းနှီးတဲ့မိတ်ဆွေလောက်ကိုဖိတ်ပီး မင်္ဂလာဆွမ်းကျွေးဖြစ်လိုက်သည်။ ရိုးရှင်းသည်ဟုထင်ရသော်လည်း ကုသိုလ်အတူရေစက်အတူချခွင့်ရတာဟာ ဘာနဲ့မှ
မတူသောစိတ်အေးချမ်းမှုပင်။ နှစ်ဖက်မိဘများရဲ့ သဘောထားပြည့်၀စွာနှင့် နားလည်လက်ခံပေးမှုကို ရထားတော့ ပိုလို့ပင်ကျေနပ်ရပြန်သည်။ ရှေးဘ၀ရဲ့ကုသိုလ်ထူးတွေကြောင့်ဖြစ်မည်။ ဘာကြောင့်ပဲဆုံတွေ့လာတဲ့ရေစက်ဖြစ်ဖြစ် တည်ခန့်ကတော့အဆုံးထိ တန်ဖိုးထားစွာထိန်းသိမ်းသွားမည်သာ။ညကျရင်တော့ ကုမ္ပဏီ၀န်ထမ်းတွေနှင့် သူငယ်ချင်းအချို့ကို dinner လုပ်ပေးဖို့စီစဉ်ထားသည်။ ဒါကိုကလေးကိုယ်တိုင်လည်းသဘောတူပြီး လွတ်လွတ်လပ်လပ်ပျော်ရတာပေါ့ဟု ပြောလာလေသည်။ အဟွန်း...
ဒီနေ့က သူ့ရဲ့လူပျိုဘ၀လေးကုန်ဆုံးရမည့်ညပင်။ အတွေးနဲ့သူကြည်နူးနေစဉ် ဘေးနားကနေလာဆုပ်ကိုင်လာတဲ့ နူးညံ့တဲ့လက်လေးတစ်ဖက်..."ပျော်လားကိုကို"
"ပြောမပြတတ်အောင်ပဲ...ခုကိုယ်ဘယ်လောက်ထိ စိတ်လှုပ်ရှားပျော်ရွှင်နေလဲဆိုတာ ပြောမပြတတ်အောင်ပဲ သိလား..."
"ကျွန်တော်ရောပဲ....ကျွန်တော်လည်းကိုကိုနဲ့ လက်တွဲခွင့်ရတာ အရမ်းပျော်တယ်...ဒီနေ့ကစ ဘ၀တစ်လျှောက်လုံး အနားမှာအမြဲရှိပေးမယ်လို့သစ္စာကတိပြုပါတယ်...ကိုကို့အပေါ်ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်သလို ဘယ်တော့မှလည်းအချစ်လျော့မှာမဟုတ်ဘူး....ကိုကို့ကို ခုကစပျော်အောင်ထားတော့မှာမို့ ကျွန်တော့ကြောင့်ကိုကိုစိတ်မညစ်စေရဘူးလို့ ကတိပေးပါတယ်"
"ကလေးရယ်....ကလေးဘေးနားမှာရှိနေတာကိုက
ကိုယ့်ရဲ့ပျော်ရွှင်မှုပါလို့ပြောခဲ့ပြီမဟုတ်လား...ကိုယ်လည်းကလေးအပေါ် ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်သလို ဘယ်တော့မှလည်းစိတ်ဆင်းရဲအောင်လုပ်မှာမဟုတ်ဘူး...။ ကိုယ်တို့တွေ တစ်ယောက်ကိုယ်တစ်ယောက်နားလည်မှုနဲ့ရှေ့ဆက်သွားကြမယ်နော်...ကိုယ့်အပေါ်စိတ်ခုစရာရှိရင် ကလေးမကြိုက်တာရှိရင်
ပွင့်ပွင့်လင်းလင်းမေးလို့ပြောလို့ရတယ်။ ကိုယ်လည်း ကလေးကိုစိတ်ချမ်းသာအောင်ထားမယ်လို့ ကတိပြုပါတယ်။ ကလေးရဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားသွားပါ့မယ်။ ကိုယ်က,ကလေးကို အိမ်လိုမျိုးလုံခြုံနွေးထွေးမှုတွေနဲ့ ဂရုစိုက်ပေးသွားမယ်နော်"
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်