နင်ဟာ အတောင်ပါတဲ့ငှက်ပါ
ငါဟာ လွင့်ပါတဲ့ ရော်ရွက်ဝါ
အဆင်ပြေ လေလာတုန်းအခိုက်မှာ
ကြည်နူးမြူးခဲ့ရတယ် တစ်ရံတစ်ခါ
လေငြိမ်တဲ့အခိုက်ဟာ
မခေါ်ပဲ မမျှော်ပဲ ရောက်လာ
ကြွေကာကျတဲ့အခါ မြေမှာလဲလှောင်းရာ
မင်းလဲမရောက်လာ အချစ်လဲမရှိခါမှ
အမှန်တရားရဲ့ အရသာ
တကယ်ဆို မချိုပါဘူး အချစ်ရာ
ကြာမှ ခါးမှန်းသိနိုင်တဲ့အရာ
အိုလေ ဒါပေမယ့် အခုခါ ကိုယ်မှ မချစ်ပဲလဲ မနေနိုင်တာ
အရင်လို ဘဝအစမှာ ပြန်ပြီးနေခွင့်ရတောင်
အပြန်တရာ မိုက်အုံးမှာ အဖန်တရာ မှားအုံးမှာ
နောက်ဆုံးတော့လေ အချစ်မှာ မျက်စိမရှိပါ
မကြုံရင် ကြုံချင်ခဲ့ရသလို
ကြုံလဲ မချင့်မရဲပဲနေဆဲပါ
ရင်မှာ မပြေနိုင်တဲ့ အရသာ
ကိုယ်မှ မချစ်ပဲလဲ မနေနိုင်တာ
÷÷÷÷÷÷÷÷÷
"ကျန်းချန်! ငါ့ဖိုင်တွဲရော"
"အမ်! မသိဘူးလေ မင်းကိုင်လာတာ မဟုတ်ဘူးလား?"
အိတ်ထဲနှိုက်လိုက် ဟိုဒီကြည့်လိုက် ခေါင်းကုတ်လိုက်နဲ့ ဗျာများပြီး သကာလ။
"ဟာ သွားပြီ!!"
ဆိုကာ အနားကနေလှည့်ပြေးသွားတဲ့ သကောင့်သားကြောင့် ကျန်းချန်မှာ ရပ်ပဲနေရမလို ပြေးပဲလိုက်ရတော့မလိုလိုနဲ့ အူကြောင်ကြောင်ကျန်ရစ်ခဲ့တော့သည်။
••••••ခုံတန်းပေါ်ဖင်ထိုင်ချပြီးမှ တခုခုခံနေတာကြောင့် စမ်းကြည့်လိုက်တော့ ပြားပြားသဏ္ဍန်တခုစမ်းမိတာကြောင့် ဖင်အောက်ကဆွဲထုတ်ကြည့်လိုက်တော့မှ ဖိုင်တခုဖြစ်နေမှန်းသိရတယ်။
"ဘာကြီးတုန်း!"
"သိမလား! ငါလဲခုမှတွေ့တာလေ"
ဆွဲထုတ်လိုက်တာတွေ့ရက်သားနဲ့ မေးလာတဲ့ သူငယ်ချင်းကိုပြေပြေလည်လည်အဖြေပြန်ပေးလိုက်ရင်း ဖွင့်ကြည့်လိုက်တော့ လက်ရေးလှလှလေးတွေနဲ့ ရေးထားတဲ့ ကဗျာလိုလို သံစဉ်လိုလိုစာသားရယ် နောက်တော့ ခဲပန်းချီ ၄ပုံရယ်သာပါတဲ့ ဖိုင်ပြားပြားလေးက ပိုင်ရှင်ဘယ်သူရယ်မသိပေမယ့် အထဲကပုံတွေရယ် လက်ရေးလေးရယ်ကိုတော့ အတော့်ကို စိတ်ဝင်စားမိသွားတယ်။