ဒယ်ဒီနဲ့အတူလိုက်သွားခဲ့တဲ့ ဧည့်ခံပွဲတစ်ခုမှာ Avery ရဲ့ ရင်ခုန်သံကို စတင်ကြားခဲ့ရတာ။အဲ့နေ့က Leo ကိုကိုရဲ့မွေးနေ့ပွဲ။
သိပ်ကို ထင်ရှားတောက်ပလွန်းတဲ့ သခင်လေးက ညမီးရောင်တွေရဲ့အောက်မှာ သိပ်ကိုမက်မောစရာကောင်းတဲ့ Avery ရဲ့ နတ်သားလေး။Avery သွားလို့ နှုတ်ဆက်ချင်ပေမယ့် သူ့သူငယ်ချင်းတွေနဲ့ ပြုံးပျော်နေတဲ့ Leo ကိုကိုရဲ့ အပြုံးလေးက အထက်တန်းကျောင်းသူလေး သူ့ကြောင့် ပျက်စီးသွားမှာ မလိုလားတာမို့ ချောင်တစ်ချောင်မှာကပ်လို့ ငြိမ်ငြိမ်လေးပဲ ချောင်းကြည့်ခဲ့မိတာ။အဲ့အချိန်တွေတုန်းက Avery ဆိုတာ သိပ်ကိုရိုးသားအေးဆေးတဲ့ ခပ်ရိုးရိုးမိန်းမပျိုလေး။
အချစ်ဦးနဲ့ တွေ့ဆုံချင်လွန်းလို့ နယူးယော့ခ်တက္ကသိုလ်ကိုရောက်အောင် စာကြိုးစားခဲ့ပေမယ့် သူမကံက ဆိုးလွန်းတာပဲလားတော့မသိ။စာမေးပွဲနောက်ဆုံး၂ရက်မှာ အပြင်းဖျားခဲ့တာမို့ ကိုလံဘီယာတက္ကသိုလ်ကိုသာဝင်ခွင့်ရခဲ့တယ်။
ကျောင်းမတူလဲ သွားကြည့်လို့ရတာပဲဆိုတဲ့ စိတ်နဲ့ Avery နယူးယော့ခ်တက္ကသိုလ်ကို ရောက်ခဲ့ရတာလဲ ချောင်းပေါက်မတတ်။အသက်၃နှစ်ကျော်လောက်ကွာတာမို့ Leo ကိုကိုက သူတက္ကသိုလ်ရောက်ပြီးသိပ်မကြာခင်မှာတင် ကျောင်းပြီးသွားခဲ့ပြီ။
ရည်းစားရှိတယ်လို့ သိခဲ့ရပေမယ့် ဘယ်သူဘယ်ဝါမှန်းတော့ သေချာမသိခဲ့။ရည်းစားရှိလဲ ဘာဖြစ်လဲ တနေ့သူ့ကိုပဲ Leo ကိုကိုက လက်ထပ်ရမှာဆိုတဲ့ အတွေးက အမြဲစိုးမိုးထားတယ်။
Leoအတွက် သူမကသာ လက်တွဲဖော်ကောင်းဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ Leo နည်းတူစီးပွားရေးပညာကိုပဲ ဇောက်ချလေ့လာခဲ့တယ်။ဉာဏ်ရည်ချင်းတူမှ အိမ်ထောင်ဖက်ကောင်းတွေဖြစ်လာမှာ။သူ အရမ်းထက်မြတ်နေမှလဲ Leo ကိုကို့ရဲ့ အဖေနဲ့အမေက သဘောကျနိုင်မှာ ဆိုတဲ့သူ့အတွေးနဲ့ သူကြိုးစားနေတုန်း တနေ့မှာတော့..
ဒုန်းးးး
"ဟာ ကားတိုက်သွားပြီ အကြောင်းကြား! အရေးပေါ်ကို အကြောင်းကြား!!!"
ဒရိုက်ဘာရဲ့ပေါ့ဆမှု့ကြောင့် ဖြစ်ခဲ့တဲ့ မတော်တဆမှု့မှာ ကိုယ်လက်အင်္ဂါဘာမှမထိခိုက်ခဲ့ပေမယ့် ခေါင်းနဲ့ကားမှန်ရိုက်ခတ်မှု့ကြောင့် သူမ ကိုမာ၁လဝင်သွားခဲ့တယ်။၁လကျော်ကြာ သတိရလို့ အားလုံး ပြန်ကောင်းလာတဲ့ အချိန်မှာတော့...