ဒီနေ့ မနက်မိုးလင်းတည်းက မိုးကတဖြောက်ဖြောက်ကျနေကာ ညနေပိုင်းလောက်ကျမှ သည်းသည်းမည်းမည်းရွာလာတာမို့ ဆိုင်အစောသိမ်းကာ ကောင်လေးတွေကိုလဲပြန်ခိုင်းလိုက်တော့သည်။
တစ်ယောက်ထဲ မိုးအေးအေးနဲ့ စိတ်ကြည်နေတာမို့ ကော်ဖီခါးခါးတစ်ခွက်ဖျော်ကာ ထောင့်ဝိုင်းလေးမှာ laptop တင်ကာ အမှန်အကန် အလုပ်လုပ်မယ်ပြင်နေတုန်း..
ဒေါက် ဒေါက် ဒေါက်!!
အပြင်ဖက်က မှန်ကိုခေါက်နေသံကြောင့် လှည့်ကြည့်လိုက်တော့ ချန်ဖေးယွီကော။မိုးတွေလဲစိုရွှဲနေကာ ပုံစံကလဲ အလောတကြီးနဲ့မို့ အပေါက်ဖက်ကိုသွားကာ ဆိုင်တံခါးဖွင့်ပေးလိုက်တော့.."Sean! တခုလောက်..ဟောဟဲ.. တခုလောက် ကူညီပါ"
"ဟုတ် ဖြေးဖြေးပြော ဖေးယွီကော"
"ဟို ဟိုနားမှာ Leo..
စကားတောင်မဆုံးသေး မိုးရေထဲပြေးထွက်သွားတဲ့ ကောင်လေးကြောင့် ချန်ဖေးယွီမျက်နှာထက် လှပတဲ့အပြုံးကြီးတစ်ပွင့်ပေါ်ပေါက်လာတယ်။
"ကော!! Leoကောကော!!"
မိုးရေထဲပြေးလွှားကာ ပါးစပ်ကလဲ Leoနာမည်ကိုတကြော်ကြော်ခေါ်နေတဲ့ကောင်လေးက မိုးတွေဒီလောက်ရွာနေတာကိုလဲ မမှု့ပဲ သူတွေ့ချင်တဲ့အရာကိုသာ အသဲအသန်ရှာနေတော့တာ။
အင်း ဒီလောက်ဆို.. ဒီလောက်ဆို ရလောက်ပါပြီ။လုံလောက်နေပါပြီ။ရပ်နေတဲ့ အကွယ်က ရုတ်တရက်ထွက်ပြီး အသံပေးလိုက်မှ..
"ဟိတ်!!"
"အမလေး!!"
အလန်တကြားအော်ကာ နောက်ပြန်လဲကျသွားတဲ့ ကောင်လေးကြောင့် အလျှင်အမြန်ဖမ်းထိန်းပေးလိုက်ပေမယ့် မိုးရေတွေကြောင့်ချောနေတဲ့ လက်တွေက မခိုင်မြဲ။
"အင့်"
"ဟာ နာသွားပြီလား? ထ,ထ ကိုယ်ဆွဲလိုက်တာပဲ ဒါပေမယ့် မိုးရေတွေနဲ့ဆိုတော့ ချောနေတော့လေ"
"ဟင့် ဘာမှ ဘာမှမဖြစ်ဘူးနော် အီး ဟီး"
ဆွဲထူပေးလိုက်တဲ့ လက်ကိုဆုတ်ကိုင်ကာ ရှိုက်ကြီးတငင်ထငိုလာတာမို့ ကိုယ်မှာ ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ။