တောက်!!
"ဘာလဲ!! ဒါဘာတွေလဲ? ငြင်းထားတာလေ လက်မခံပါဘူးလို့ ငြင်းထားတဲ့ဟာ ဒါတွေက ဘယ်ကပြန့်လာတဲ့ သတင်းတွေလဲ!!?"Laptop အဖုံးကို အသံမြည်အောင်ပိတ်ချပြီး အော်ပစ်လိုက်တော့..
"ကျွန်တော်တို့လဲ စုံစမ်းနေပါတယ် ဘော့စ် ဒါက ခု HS ဖြစ်နေတော့ ဖြုတ်ချရခက်နေပါတယ် ဥက္ကဌကြီးကလဲ အတည်မဟုတ်သေးပါဘူးလို့ ဖြေထားပါတယ်"
"နေဦး! ဒီအကြောင်းက နှစ်ဖက်မိဘနဲ့ငါတို့ပဲသိတာလေ ဘယ်သူစိမ်းရှေ့မှာမှတောင် ဒီကိစ္စမပြောဖူးဘူး ဒါဆို.."
မျက်စတချက်ပစ်ပြလိုက်တော့ အတွင်းရေးမှူးက ချက်ချင်းသဘောပေါက်သလို ခေါင်းညိမ့်ပြကာ..
"ဟုတ် ကျွန်တော် သဘောပေါက်ပါပြီ ဘော့စ်"
"ငါ အခု တွေ့ဖို့ ဖုန်းဆက်ထားတယ် ကျန်တာ မင်း စီစဉ်ထားလိုက်"
"ဟုတ်ကဲ့ပါ ဘော့စ်"
'အပိုင်ကြံချင်နေတာပေါ့လေ ဟက်'
••••••••မော့ဖေးရှာ ထွက်သွားတာနဲ့ ရှောင်းကျန့်လဲ အပြင်ထွက်ဖို့ပြင်ရတော့သည်။လက်က ပတ်တီးကို ကတ်ကြေးနဲ့ထိုးဖြတ်ခွဲလို့ ဆွဲချွတ်လိုက်ပြီး ဆေးရုံဝတ်စုံကိုပါ လဲပစ်လိုက်သည်။ရေချိုးခန်းထဲဝင်လို့ ဆံပင်ကိုသေချာဖီး ကိုယ့်ကိုကိုယ်သပ်ရပ်အောင်ပြင်ပြီးမှ အခန်းတံခါးဖွင့်လို့ ဆေးရုံ ကော်ရစ်တာအတိုင်း လှမ်းလျှောက်လာလိုက်တော့သည်။သူ့နောက်မှာ ဂျိန်းအဖေရဲအရာရှိ စောင့်ကြည့်ခိုင်းထားတဲ့ ရဲဘော်တစ်ယောက်ပါလာတာကိုတော့ ရှောင်းကျန့် မသိလိုက်ပေ။
ကားငှားပြီး ပို့ထားတဲ့လိပ်စာကိုပြကာ မောင်းခိုင်းလိုက်ပြီး ရောက်ပြီဆိုတာနဲ့ ကြည့်လိုက်မိတော့ အဆင့်မြင့်စားသောက်ဆိုင်တစ်ခု။
ကားပေါ်ကဆင်းလို့ ဆိုင်ထဲဝင်လိုက်တော့..ကြိုဆိုရေးဝန်ထမ်းက အနားကပ်လာပြီး..
"ကြိုမှာထားပါသလား ခင်ဗျ"
E-mail ထဲမှာ VIP အခန်းနံပတ်ပါပို့ထားတာမို့ ထိုနံပတ်ကိုပြောလိုက်တော့ ဝန်ထမ်းတစ်ယောက်က လိုက်ပို့ပေးသည်။