"ရိပေါ် ! ရှောင်းကျန့် ပျောက်နေတယ်"
"ရှောင်းကျန့်?"
မျက်မှောင်ကုတ်လို့ မသိသလို နာမည်ကိုရေရွတ်နေတာမို့..
"မင်း! ရှောင်းကျန့်ကို တကယ်မသိတာလား?"
"ဖေးယွီ ရှင်းရှင်းပြော နာမည်တစ်လုံးနဲ့ တိုင်ပတ်မနေနဲ့!"
"ရှောင်းကျန့်ဆိုတာ Sean တရုတ်နာမည်"
"ဘာ!!!"
ဆက်ပြောဖို့တောင် စိတ်လေသွားတာမို့ ဆိုဖာပေါ်လျော့ရဲရဲမှီထိုင်လိုက်ရင်း..
"ငါ မင်းဆီလာမိတာ မှားပြီထင်တယ်! ကိုယ့်ရည်းစားနာမည်တောင် သေချာမသိတဲ့ကောင်နဲ့ ဘယ်လိုစကားဆက်ပြောရမှာလဲ တကယ်ပါပဲ"
ချန်ဖေးယွီပြောလဲ ပြောစရာပဲမို့ ပါးစပ်ပိတ်ပြီးသာနေလိုက်မိတယ်။သူတို့ခေါ်နေကျ ကျန့်ကျန့်ဆိုတာ ကြားဖူးနေပေမယ့် Sean ရဲ့ နာမည်အရင်းလို့ မထင်မိပဲ ဒီတိုင်း တရုတ်လိုခေါ်တယ်ပဲ ထင်မိတာ ကိုယ့်အမှားလား။
"ပျောက်နေတယ်ဆိုတာက ဘာလဲ? ဆက်ပြောလေ!"
စိတ်ပျက်သလိုထိုင်နေရာ မျက်လွှာတချက်ပင့်ကြည့်ရင်း..
"ကျန့်ကျန့်လေးက ခု နယူးယော့ခ်မှာလဲမတွေ့သလို တရုတ်ကိုလဲ ပြန်မလာဘူးတဲ့"
"ကျန့်ကျန့်လေး! မင်းက ဘာလို့ သူ့ကို အဲ့လိုခေါ်တာလဲ?"
သူတောင်းစားရဲ့သေလေ သေပါလား။ခုချိန် ဒါကို လိုက်သဝန်တိုနေစရာလား။အစတည်းက ဒီလိုပဲခေါ်လာတဲ့ဟာ ခုမှ သတိထားမိပြီး လာအော်နေတယ်။သေချင်လို့။စိတ်ထဲကပဲ ပြောလိုက်ပါတယ်။အပြင်မှာထုတ်ပြောနေလဲ လိုရင်းမရောက်ပဲ ရန်ဖြစ်နေရမှာ။
"အခေါ်အဝေါ်ကိုခဏထားပါ မသာရယ်!! ခု ဘာဆက်လုပ်ရမလဲပဲ စဉ်းစားစမ်းပါ"
"အကြောင်းအရာကို သေချာလေးပြောပြ"
"ဒီလိုကွာ ...
လော်ယွင်ရှီးတို့နဲ့အတူမပြန်ဖြစ်ပဲ လေယာဉ်လက်မှတ်လဲလိုက်ရာကစ,လို့ ကော်ဖီဆိုင်က ကောင်လေး cm ကြောင့် ရှောင်းကျန့် တရုတ်ကပြန်မလာတာကို သိပြီး စုံစမ်းရာက ရှောင်းကျန့်က တရုတ်ကိုလဲပြန်ရောက်မလာပဲ ဒီမှာတင်ပျောက်နေမှန်း စုံစမ်းလို့ရသလောက် ပြောပြပြီးချိန်မှာတော့..