"မင်း အရမ်းတော်တယ် သူငယ်ချင်း"
လက်မနှစ်ချောင်းထောင်ကာ ချီးကျူးလိုက်တော့..
"ဒါပဲလေ ငါဘယ်သူလဲ မင်းသိတယ်မလား"
အင်္ကျီကော်လံတွေပါဆွဲထောင်ကာ မြောက်ကြွကြွနဲ့ ပြောလာတာမို့..တချက်ထဲနဲ့ အရှိုက်ကို ထိထိမိမိထိုးလိုက်တော့..
"သိတာပေါ့ ငါ့သားရာ ငါက မင်းပါပါးပဲဟာ"
"ငါ....မဆဲတော့ဘူးနော် ငါ မဆဲတော့ဘူး သိလား?"
ဟားးးး ဟားးး ဟားးးး
ရုံးခန်းထဲ ကျယ်ကျယ်လောင်လောင်အော်ရယ်လိုက်သံနဲ့အတူ ဒေါက်ဖိနပ်တရံရဲ့ နင်းလျှောက်သံတခုပါ အတူထွက်ပေါ်လာတာကိုတော့ အခန်းထဲက နှစ်ယောက်သတိမထားမိခဲ့ပါချေ။
••••••••••"ဟိတ် ခဏ"
Leo ဆီက ဒေါသတကြီး ထွက်လာခဲ့ပြီး နောက်က တဒေါက်ဒေါက်နဲ့ ဒေါက်မြင့်ဖိနပ်သံကို ကြားပေမယ့် ကိုယ့်အပူနဲ့ကိုယ်မို့လှည့်မကြည့်မိခဲ့။
လမ်းလျှောက်လာလို့ တော်တော်ဝေးဝေးရောက်လာတော့မှ နောက်ကလှမ်းခေါ်သံ တခုကြားလိုက်ရလို့ လှည့်ကြည့်လိုက်တော့..
"တို့ကို ခေါ်တာလား?"
ကိုယ့်ကိုကိုယ်လက်ညိုးထိုးကာ မေးလိုက်တော့ ခေါင်းအသာညိမ့်ပြလာတဲ့ မိန်းကလေးက အသက်အတော်ငယ်သေးမယ့်ပုံပင်။
"ဟုတ်တယ်"
"တို့နဲ့သိလို့လား?"
"ဟင့်အင်း မသိပါဘူး"
ဘာလာကြောင်နေတာလဲဆိုတဲ့ အကြည့်နဲ့ အထက်အောက်စုန်ဆန်ကြည့်ပေးလိုက်တော့..
"မင်း ငွေလိုနေတယ်မလား?"
"ဘာ!!"
"ခုနက စကားပြောနေတာ တို့ အကုန်ကြားလိုက်ပါတယ် ဒေါ်လာ၁၀သန်းပေးမယ် တို့ပြောတာတော့ မင်း လုပ်ပေးရမယ် ဘယ်လိုလဲ"
ဘယ်သူဘယ်ဝါလို့လဲ မိတ်ဆက်လာခြင်းမရှိတဲ့ သူက လိုချင်တဲ့ပမာဏထက် နှစ်ဆပေးလို့ ချဉ်းကပ်လာတာမို့ စတေစီ့ ခေါင်းထဲ အမေးတွေ ပြည့်နှက်သွားတယ်။
"ပြောကြည့်လေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ welcome ပေါ့"
"နားထောင်ရုံပဲဆိုရင်တော့ အလုပ်မအပ်ဘူး တကယ်လုပ်ပေးနိုင်ရင် ဆက်သွယ်လိုက် ဒါ တို့ကတ်"