တရုတ်ပြန်လိုက်မယ်လို့ ယွင်ရှီးကောကို ပြောပြီးပြီမို့ ဒီနေ့တော့ ရှောင်းကျန့်တစ်ယောက် အပြင်ထွက်ရမှာဖြစ်သည်။မိဘတွေအတွက် လက်ဆောင်လဲဝယ်ရမှာဖြစ်သလို တစ်ဦးတည်းသော ဘဘကြီးအတွက်လဲ လက်ဆောင်ပါမှဖြစ်မည်။မဟုတ်ရင် လူပျိုကြီးရဲ့ အပွားကို တရုတ်မှာနေတဲ့ရက်တွေအတွင်းတော့ ရှောင်းကျန့် နားပူမခံလိုပါ။
အပ်ထားတဲ့ အလုပ်တွေကိုလဲ လက်စသတ်ထားတာ ညကတင်ပြီးစီးသွားပြီမို့ ဖိုင်တခုထဲသေချာထည့်လို့ အလုပ်ရှင်ဆီသွားပေးလိုက်ရုံပင်။
တရုတ်ပြန်မယ်သိပြီးတည်းက နေ့တိုင်းဖုန်းဆက်လို့ တခုမဟုတ် တခုဂျီကျလို့ ရစ်နေတဲ့ အချစ်ရဆုံးသူဆီကိုလဲ ခဏတော့ဝင်လိုက်မယ်လို့ ဆုံးဖြတ်ကာ အဝတ်အစားသေချာဝတ်လို့ ဖီးလိမ်းပြင်ဆင်ကာ အောက်ဆင်းလာလိုက်တော့သည်။
"Sean တရုတ်ပြန်ရမယ်ဆိုတော့ ပျော်နေပြီပေါ့လေ"
"ဒါပေါ့ကွ"
"ကော တရုတ်လမုန့် ယူလာခဲ့ပေးနော်"
"စိတ်ချ လမုန့်မှမဟုတ်ဘူး တရုတ်မုန့်မျိုးစုံ ယူလာခဲ့မယ် ဟုတ်ပြီလား"
ခုတလောမှ အလုပ်ဝင်လာတဲ့ ဆိုင်ကအငယ်ဆုံးလေးက ဒီပြည်ဖွား တရုတ်လူမျိုးလေးမို့ တရုတ်မုန့်မှာနေတာကို ကျေနပ်အောင်ပြောလို့ အပြင်ထွက်လာခဲ့လိုက်သည်။
••••••••"Boss ဧည့်သည်ရောက်နေပါတယ်"
"ဧည့်သည်?"
ဆိုင်တွင်းသုံးဖုန်းက အကြောင်းကြားလာတာမို့ အတွင်းရေးမှူးကို အမေးသဘောငဲ့ကြည့်လိုက်တော့ ဘယ်သူမှချိန်းထားတာ မရှိဘူးဆိုပြီး ခေါင်းခါပြတယ်။
"Sean လို့ ပြောပါတယ် Boss"
"ဘာ!! မြန်မြန်.. မြန်မြန်လိုက်ပို့လိုက်!!"
ဖုန်းထဲကနေ အလျင်အမြန်ဖြေလိုက်ပြီးတဲ့နောက် အတွင်းရေးမှူးကိုပါ အခန်းထဲက ထွက်သွားဖို့ လက်ပြလိုက်ရတယ်။
"ကော"
အတွင်းရေးမှူးက အပြင်ထွက်သွားပြီးတာနဲ့ အခန်းတံခါးကိုပါ ကြိုဖွင့်ပေးသွားခဲ့တာမို့ အခန်းဝကနေ ခေါင်းလေးပြူလို့ ခေါ်လာတဲ့ ကောင်လေးက အပြုံးချိုချိုလေးလဲ ပြုံးပြနေသေးတာရယ်။