ဒီနေ့တော့ ရှောင်းကျန့် အပြင်ထွက်ဖို့ မနက်တည်းကပြင်ဆင်နေရသည်။ဟိုရက်တည်းက ကျန်းချန်အားရင် လာခဲ့ပါဦးလို့မှာထားတဲ့ ယွင်ရှီးကောရဲ့မားကို သွားတွေ့မှာမို့ သူကြိုက်ပါတယ်ဆိုတဲ့ ကိတ်လေးတွေဖုတ်ကာ ဘူးထဲကို လှလှပပစီထည့်နေတုန်း..
ဒူ ဒူ ဒူ
ကောင်တာပေါ်တင်ထားတဲ့ ဖုန်းကတုန်ခါလာတာမို့ ယူကြည့်လိုက်တော့ ချစ်ရပါသော ကိုကို။"Hello"
"Sean ကိုယ်ပါ"
"ဟုတ်ကဲ့ Leo ge"
ကိုကိုက ဖုန်းပြောရင် အမြဲ သူ့ကိုယ်သူမိတ်ဆက်ပြီးမှ ပြောချင်တာကိုဆက်ပြောလေ့ရှိတာ ရှောင်းကျန့် ကိုကိုနဲ့ ဖုန်းပြောတဲ့အခေါက်ရေနည်းနည်းမှာတင် သတိထားမိတဲ့ အချက်တစ်ချက်ဖြစ်သည်။
"Sean အားလားလို့"
"နေ့ခင်းတော့ တနေရာသွားစရာရှိတယ် ဘာလို့လဲဗျ"
"ကိုယ် မင်းနဲ့ တွေ့ချင်လို့"
ပြောလိုက်တဲ့စကားကိုကြားလိုက်ပြီးတဲ့နောက် ထိတ်ခနဲခုန်သွားတဲ့ ရင်ဘတ်ကိုလက်နဲ့အသာဖိလိုက်ရင်း အသံကိုထိန်းလို့..
"အကြောင်းရှိလို့လား ဟင်"
"အဲ့လိုတော့ မရှိပါဘူး ကိုယ်တို့မတွေ့ဖြစ်တာလဲ ကြာနေပြီဆိုတော့လေ"
"အာ.."
သက်ပြင်းမောကြီးကို ဖုန်းနဲ့ခပ်ခွာခွာထားလို့ အမောတကောချလိုက်ပြီးမှ..
"ဟုတ် ဘယ်ချိန်တွေ့..
"ကိုယ် ဆိုင်ရှေ့မှာ"
"ဟမ်!"
သူ့စကားကြားပြီး အံ့ဩလွန်းလို့ ပါးစပ်တောင်မစိနိုင်ပဲမှန်ချပ်တွေအပြင်ကိုလှမ်းကြည့်မိတော့ ဒေါက်ထောက်လို့ရပ်ထားတဲ့ ဆိုင်ကယ်ပေါ်ခွထိုင်ကာ ဖုန်းပြောနေတဲ့ကိုကို။
"ဆိုင်ကယ်စီးလာတာလား?"
"အင်း မစီးရတာကြာနေလို့"
"ဪ.. ဆိုင်ထဲဝင်ခဲ့လေ"
"အင်း"
ဆိုင်ကယ်ပေါ်ကဆင်းလို့ ဦးထုတ်ကိုပါချိတ်နေတဲ့ ကိုကို့ရဲ့ ဆိုင်ကယ်မောင်းတဲ့ပုံစံကို မတွေ့ရတာကြာပြီမို့ မှန်ချပ်နောက်က တမေ့တမောငေးကြည့်လိုက်မိတယ်။