"ရပ်သွားပြီ!"
"ဟင်"
တဖြည်းဖြည်းမြို့နဲ့ဝေးလို့ ကွင်းစ်ကိုပါ ကျော်လာခဲ့ပြီ။ဂျိန်းစိတ်ထဲ ဘယ်ထိများခေါ်သွားကျတာလဲ တွေးနေတုန်း ဘေးနားကထွက်လာတဲ့ မော့ဖေးရှာရဲ့ အသံ..
"ရှေ့နား ရှေ့နားလေးမှာ ရပ်ပေးပါ"
"အဲ့နားက စက်ရုံအပျက်ပဲရှိတယ် ကလေးတွေရဲ့ညမှောင်နေပြီ ဘာသွားလုပ်ကျမလို့လဲ?"
ကားခကိုမီတာနဲ့တွက်လို့ ကတ်ဖြတ်နေတုန်း ကားသမားကြီးက စိုးရိမ်သံနဲ့မေးလာတယ်။
"ကျွန်မ...ကျွန်မ အကိုကို လူဆိုးတွေဖမ်းသွားလို့ပါ"
"ဟာ ဒါဆို ရဲကို အကြောင်းကြားလေကွယ်"
"အကြောင်းကြားထားပါတယ် ကျွန်တော့အဖေက ရဲအရာရှိပါ ခုလဲ လိုက်လာနေပါပြီ"
သေချာလေးရှင်းပြပေးလိုက်မှ ကားသမားကြီးက စိတ်ချသွားကာ ကားပြန်လှည့်သွားတော့သည်။
"ဒယ်ဒီတို့ကို ခဏစောင့်ရအောင်လေ ဖေး"
"ရောက်နေပြီးမှတော့ ထိုင်မစောင့်ချင်ဘူး လာပါ အနားနည်းနည်းတိုးကြည့်ရအောင်"
လက်ကိုဆွဲကာ စက်ရုံတွေနားထိတိုးကပ်သွားနေပြီမို့ ဘာမှဆက်မပြောပဲ ငြိမ်ငြိမ်လေးလိုက်သွားဖို့ပဲ ဆုံးဖြတ်လိုက်သည်။
*ဖြစ်ချင်တာသာ ဖြစ်တော့ကွာ*
•••••••••'ပထမအဆင့်ပြီးပြီ ယူ့ဖုန်းထဲ ပုံပို့လိုက်ပြီ'
'ok ကြည့်ပြီး ငွေတဝက်လွှဲပေးလိုက်မယ်'
'နောက်တစ်ဆင့်က ဘာလုပ်ရမှာလဲ'
'လုပ်ချင်တာလုပ် လိုချင်တာက Leo လုံးဝစိတ်ပျက်သွားစေမယ့်ပုံ'
တောင်*
"ငွေလွှဲဝင်ပြီ စတေစီ""စတေစီ?"
ငွေမြင်တာနဲ့လုပ်လက်စကို မေ့သွားတဲ့ ဖဲသမားကယ်ဗင်ရဲ့ အမှတ်မထင်ခေါ်သံက တစ်ဖက်လူကို ဖော်ကောင်လုပ်လိုက်သလိုပင်။တကယ်တော့ Avery ဆိုတဲ့မိန်းမက Sean ကို ပြန်ပေးဆွဲပြီး ပညာနည်းနည်းပေးရုံနဲ့ လိုနေတဲ့ဒေါ်လာ၅သန်းရဲ့ နှစ်ဆပေးမယ်ဆိုလို့သာ စတေစီတို့ ဒီအလုပ်ကို လုပ်ခဲ့တာ။