'အားကျန့် ကောပါ'
ညနေပဲ တရုတ်ပြန်မယ့်ဟာကို ဖုန်းဆက်လာတဲ့ ယွင်ရှီးကောကြောင့် ခေတ္တမျှကြောင်သွားပြီးမှ..
'ဟုတ် ကော'
'ဒီလို...ကျစ်...ဘယ်လိုပြောရမလဲကွာ'
"ကဲပါ သားရယ် မားကိုပေး သားကျန့်ကို မားပြောမယ်"
တခုခုပြောဖို့ခက်ခဲနေတဲ့ ယွင်ရှီးကောနောက်က ပေါ်လာတဲ့ ယွင်ရှီးကောမားရဲ့ အသံကြောင့် လူက ထိတ်ခနဲဖြစ်သွားတယ်။ဘာများဖြစ်လို့လဲဆိုပြီး။ပြီးမှ..
'သားကျန့်ရယ် အားရီ တောင်းပန်ပါတယ်နော် အားရီမိတ်ဆွေတစ်ယောက်ကလေ သူလဲ တရုတ်ပြန်မှာတဲ့ အဲ့ဒါ ဝယ်ထားတဲ့ လေယာဉ်လက်မှတ်က မနက်ဖြန်ဖြစ်နေတယ် ဒီမနက်မှ စကားစပ်ပြီး ပြောမိကျတော့ သူကလဲ အဖော်မပါပဲ တစ်ယောက်ထဲသွားရမှာတဲ့ သားရယ် အဲ့ဒါ အားရီတို့လဲ တရုတ်ပြန်မှာသိတော့ သူက အားရီတို့နဲ့အတူလိုက်ချင်နေတာ အသက်ကြီးပြီဆိုတော့ တစ်ယောက်ထဲထက် အဖော်လေးနဲ့ဆိုတော့ သူ့သမီးကလဲ ပိုစိတ်ချတာပေါ့နော်'
'ဟုတ်ကဲ့'
ယွင်ရှီးကော အမေ ပြောနေတဲ့ အကြောင်းကို ခုထိသေချာသဘောမပေါက်သေးပေမယ့် လူကြီးကစကားပြောနေတာမို့ အလိုက်သင့်လေးတော့ စကားထောက်ပေးလိုက်တယ်။
'မနက်ဖြန်ဆို သူက တစ်ယောက်ထဲသွားရမှာဆိုတော့လေ အားရီက သားလေယာဉ်လက်မှတ်နဲ့ သူ့လက်မှတ်ကို လဲပေးလို့ရမလားလို့ပါ အားရီတို့နဲ့အတူခေါ်သွားချင်လို့ပါကွယ် အဲ့ဒါ သား ကောကို ပြောခိုင်းတာ ယွင်ရှီးက သားကို အားနာလို့တဲ့လေ အဲ့ဒါကြောင့် အားရီက ဝင်ပြောတာပါ သားရယ် သားတို့ကျ လူငယ်တွေလဲဖြစ် တရုတ်ကလဲ ကိုယ်နိုင်ငံဆိုတော့လေ'
ခုမှ အလုံးစုံ သဘောပေါက်တော့တယ်။အားရီက သူ့မိတ်ဆွေအတွက် ကိုယ့်ကို လေယာဉ်လက်မှတ်လဲပေးစေချင်တာ။ဒါကလဲ အပန်းကြီးတဲ့ကိစ္စမဟုတ်တဲ့အပြင် လေယာဉ်ချိန်ကလဲ ဒီညနေနဲ့ မနက်ဖြန်မနက်ဆိုတော့ သိပ်မကွာတာမို့..
'ရပါတယ် အားရီ လဲပေးလိုက်ပါ ဒီလောက်လဲ သားကို ပြောနေစရာမလိုပါဘူး ရပါတယ် အားရီရယ်'