တောင်*
*ကိုယ် ရောက်ပြီ*ဖုန်း screen မှာပေါ်လာတဲ့ စာလေးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိရင်း အပေါ်ဝတ်လေးကိုဆွဲယူလို့ အောက်ထပ်ဆီဆင်းလာခဲ့တယ်။
"အပြင်ခဏသွားလိုက်ဦးမယ်နော် San"
Coffee ဆိုင်က အကြီးဆုံးကောင်လေးကို အသိပေးလိုက်ရင်း ဆိုင်ရှေ့ကိုပြေးထွက်လာလိုက်တယ်။
"ဖြေးဖြေးလာလေကွာ"
တံခါးဖွင့်ထားပေးတဲ့ ကားတစ်ဖက်ခြမ်းဆီဝင်ထိုင်လိုက်တော့ ဆူသံမဟုတ်တဲ့ သတိပေးသံက ခပ်တိုးတိုး။
"စောင့်နေရတာ ကြာမှာစိုးလို့"
"ရပါတယ်ကွ"
ဘာမှပြန်မဖြေပဲ ပြုံးပြုံးလေး ပြန်ကြည့်နေတာမို့ ကိုယ့်ဖာသာမလုံမလဲဖြစ်ကာ တချက်ငုံ့ကြည့်လိုက်ပြီး..
"ကိုယ်တခုခုများလွဲနေလို့လား?"
"ဟင့် အင်း"
မျက်မှောင်တချက်ကုတ်လိုက်ကာ..
"ဒါဆို ဘာလို့ ကိုယ့်ကို ကြည့်ပြီးပြုံးတာလဲ?"
"ချောလို့"
အကြည့်လွှဲကာ ခေါင်းငုံ့ပြီးမှ ဖြေလိုက်တာမို့ အသံကသိပ်မသဲကွဲ။
"ဘာရယ်"
ထိုအခါမှ အသံထွက်အောင်ရယ်ကာ..
"ချောလို့ Leoကောကောက ချောလို့ ရပြီလား"
"အဲ့တော့ သဘောကျလား?"
"အမ်!"
မျက်လုံးလေးပြူးကာ အထိတ်တလန့်ဖြစ်သွားတာလေးကလဲ ချစ်ချင်စဖွယ်။ရှေ့သွားလေးတွေက ထွက်လာသေးတာ။မေးပြီးမှ ပြုံးစိစိလုပ်လိုက်တာကြောင့် သူကိုစ,နေမှန်းသိကာ..
"အာ.."
ဟင်းး ဟင်းး ခပ်ဖွဖွရယ်လိုက်ကာ..
"ကဲပါ ဒီနေ့ first date ဘယ်သွားချင်လဲ ဘာစားချင်လဲ?"
"အာ..မသိဘူးဗျ နယူးယော့ခ်ကို သိပ်မလည်ဘူးတော့ ဘယ်နေရာ ဘာရှိတယ်မသိဘူး"
စကားပြောပွင့်လင်းတာကလဲ သူ့ရဲ့ဆွဲဆောင်အား တမျိုးဖြစ်မည်ထင်သည်။ရှေ့တည့်တည့်ကို ကြည့်ကာ ပြောနေတာလေးက တကယ်ကြီးကို ဘယ်မှမရောက်ဖူးသလိုပင်။