"အဆင်ပြေရဲ့လား?"
"ဟုတ်"
"Sorry Sean"
"ဘာ့အတွက်လဲဗျ"
"ကိုယ်တာဝန်ယူခေါ်သွားပြီး မစောင့်ရှောက်နိုင်လို့ပါ"
ဟင်းး နှုတ်ခမ်းကိုတဖက်သို့ပို့လိုက်ရင်း ခပ်မဲ့မဲ့ရီမိလိုက်တယ်ထင်တယ်။တကယ်ဆို တောင်းပန်စကားဆိုရမှာထက် ရှင်းပြပေးရမှာ မဟုတ်ဘူးလား။သူ့ပါတနာအဖြစ်ပါလာတဲ့ ကိုယ်က ဒီနေ့အတွက်တော့ သူ့အတွက်အရေးပါဆုံးသူဖြစ်နေရမှာလေ။ဒါကိုတောင် ဝိုင်တွေစိုနေတဲ့ကိုယ့်ကို နာရီဝက်လောက်ပစ်ထားပြီး ရည်းစားဟောင်းနဲ့အတူတွဲထွက်သွားတာကိုက စော်ကားလွန်းနေပြီမဟုတ်ပါလား။
Sean အဝတ်တွေစိုသွားတာမို့ ပြန်ချင်တယ် ပြောလာပေမယ့် ကိုယ့်မှာလဲ အလုပ်ကိစ္စပြောနေတာက မပြတ်သေးတာကြောင့် ခဏထားခဲ့ကာ ပြန်ရန်တစ်ဖက်ကိုလာခွင့်တောင်းတော့လဲ စကားစမနည်းဖြတ်နေရတာမို့ အချိန်ကမကြာသင့်ပဲ ကြာသွားခဲ့သည်။ဒါတွေကိုတော့ ပြောမနေတော့ပါဘူးလေ။ပြောလဲ Sean နားမလည်နိုင်မယ့် စီးပွားရေးတွေပဲဟာ။
"အဝတ်တွေ သေချာလျှော်ပြီးမှပဲ ပြန်ပို့ပေးလိုက်ပါ့မယ်"
"ဟမ်!"
ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်နေမိတုန်း ဘေးကအသံထွက်လာမှ လူကိုလှုပ်နှိုးလိုက်သလို ကြောင်သွားမိတယ်။
နှစ်ယောက်အတူရှိနေပေမယ့် ကိုယ်ဖက်ကစကားမစ,သလို သူ့ဖက်ကလဲမစ,တာမို့ ငြိမ်သက်နေတဲ့ အခြေနေမှာ သူ့ဖက်ကစ,လို့ ဖြိုခွင်းလိုက်ပြန်တော့လဲ ပြန်ထူးသံက ယောင်ယောင်နန။"အဝတ်တွေလေ ဒီအဝတ်တွေ ပေသွားတာမို့ သေချာပြန်လျှော်ပေးပါ့မယ်လို့"
"ဘာ!! အာ ကျစ် မဟုတ်တာကြီးလေ Sean ဒီအဝတ်တွေက မင်းကိုဝတ်ခိုင်းတယ်ဆိုတည်းက ခဏပေးဝတ်တာမှ မဟုတ်တာ"
သူ့အနေအထားနဲ့ ဒီလောက်ကိုဝယ်ပေးနိုင်တယ်ဆိုတာသိပေမယ့် ကိုယ်ရဲ့လက်ရှိအနေအထားနဲ့ကတော့ လက်ခံလိုက်ဖို့က လုံးဝမဖြစ်နိုင်။
"Leo ge အနေနဲ့ ဝယ်ပေးနိုင်တာသိပေမယ့် ကျွန်တော့အနေနဲ့ လက်ခံဖို့ မဖြစ်နိုင်လို့ပါ"