"Sean ရေ!!!"
အောက်ထပ်က San ရဲ့အော်ခေါ်သံကြောင့်..
"သူတို့ရောက်လာပြီထင်တယ် စားနှင့်နော် ကော လှဲချင်လဲ အေးဆေးလှဲနေနော်"
"အင်း အေးဆေးသွား"
အပြေးလေးထွက်သွားတဲ့ ကောင်လေးက တံခါးကိုပါပြန်ပိတ်ပေးသွားတာမို့ ကိတ်ရော နွားနို့ကိုပါ အကုန်အစင်စားလိုက်ပြီးမှ ဗန်းထဲမှာ တစ်ရှူးစလေးနဲ့တင်ထားတဲ့ ဆေးနဲ့ ရေတစ်ခွက်။ဘာဆေးတွေမှန်း မသိလို့ သေချာကြည့်နေမိတုန်း..
ကျွီ !
တံခါးဖွင့်လိုက်သံနောက်မှာတော့.."Leo ge လှဲမယ်ဆိုလဲ ဆေးသောက်လိုက်ဦးနော် ကော မျက်နှာကနွမ်းပြီး အားမရှိသလိုဖြစ်နေလို့ အားဆေးထည့်ပေးထားတာ"
ပြောလဲပြီးရော တံခါးပြန်စေ့ပိတ်ကာ လှေခါးကပြေးဆင်းသွားတဲ့ခြေသံကိုနားစွင့်လိုက်ရင်း Leo တချက်ပြုံးလိုက်မိတယ်။ပြောပါတယ် အေးစက်စက်လေးကလဲ နွေးတဲ့အချိန်လေးတွေရှိပါတယ်လို့။
••••••••"နိုးပြီလား ကော"
ဘယ်လောက်ထိအိပ်ပျော်သွားတယ်ရယ်မသိ နှာခေါင်းထဲတိုးဝင်လာတဲ့အနံ့သင်းသင်းလေးကြောင့် မျက်လုံးဖွင့်ကြည့်မိပြီးမှ သိပ်မရင်းနှီးတဲ့ အနေအထားကြောင့် အခြေအနေကိုစူးစမ်းနေတုန်း ရင်းနှီးတဲ့အသံလေးကြားမှ လူကလက်ရှိကို သတိရလိုက်တော့တယ်။
"အင်း"
အိပ်ယာနိုးစမို့ အသံခပ်အစ်အစ်နဲ့ပြန်ဖြေလိုက်ပြီး ထ,ထိုင်လိုက်တော့မှ Sean က ရေချိုးပြီးလို့ ခေါင်းကိုပုဝါတစ်ခုနဲ့ရေသုတ်ကာ မတ်တပ်ရပ်ရင်း မေးနေတာဖြစ်တယ်။
"ဆေးသောက်ပြီး အိပ်လိုက်တာ လန်းရဲ့လား?"
"အင်း ကိုယ်အကြာကြီး အိပ်ပျော်သွားတာလား?"
"၂နာရီလောက်ပဲ ရှိပါသေးတယ် ညဖက်တွေ သိပ်မအိပ်ဖြစ်ဘူးလား?"
"အင်း ခုတလော အလုပ်တွေများနေတော့"
"အလုပ်က သေသည်ထိလုပ်ရမှာလေ ကျန်းမာရေးက အဓိကပါ ကျန်းမာရေးတော့ ဂရုစိုက်စေချင်တယ် ဗျ"