"နောက်ရက်လာပေးဦးမှာလား?"
"ဗျာ!"
"ကိုယ်ဆေးရုံက မဆင်းရသေးဘူးလေကွာ ဖေးယွီကလဲ ကိုယ့်အနားတချိန်လုံးနေပေးမှာ မဟုတ်တော့ ကိုယ်အားငယ်နေရမှာ အဲ့ဒါကြောင့် Sean နောက်ရက်တွေရော လာပေးမလားလို့ မေးတာပါ"
"အာ ဟုတ် လို..လိုတယ်ဆို လာပေးပါ့မယ်"
"လိုတာမဟုတ်ဘူး လာကိုလာစေချင်တာပါ Sean"
"ဟုတ် အဲ့ဒါဆို ကျွန်တော်လာခဲ့ပေးပါ့မယ် ခု ပြန်တော့မယ်နော်"
"အင်း ဂရုစိုက်ပြန်နော်"
"ဟုတ်"
တံခါးဖွင့်ထွက်သွားတဲ့ နောက်ကျောပြင်လေးကိုငေးကြည့်ရင်းက လူကအထီးကျန်လာသလိုလိုမို့ ဘေးဘီကိုဝဲကြည့်မိလိုက်တော့ အားလားလား! ဗို့အား၁သိန်းလောက်နဲ့ကြည့်နေတဲ့ ဖေးယွီအကြည့်ကြီးက ကျောချမ်းချင်စရာ။
"ဘာတုန်း? ဘာအကြည့်ကြီးနဲ့ကြည့်နေတာတုန်း!"
"အားငယ်နေမယ့် မျက်နှာလေး ပြစမ်းပါ ငါ့ကို"
မျက်နှာကို လက်နှစ်ဖက်နှင့်ဆွဲယူကာ မေးကိုပါမော့ခိုင်းနေတာမို့..
"ထွီ! သွားစမ်း လက်ညစ်ပတ်ကြီးနဲ့"
"အော် အော ဖြစ်ရလေ ငါက ခုလေးတင် ရေချိုးလာတာနော် မင်းသာ မေ့နေတဲ့၂ရက်လုံး Sean က ရေပတ်တိုက်ပေးထားတာ ဘယ်သူက ပိုညစ်ပတ်မလဲ စဉ်းစား?"
"အဲ့ဒါနောက်ထား သူက ဘယ်လိုရောက်လာတာလဲ မင်းခေါ်လိုက်တာလား?"
ဟင်းး
သက်ပြင်းတချက်ချကာ အနားကခုံကို ကုတင်နားထိဆွဲလာပြီး အကျအနဝင်ထိုင်ကာ.."အဲ့နေ့က စကားပြောနေရင်းက မင်းက ဝိုင်ပုလင်းနဲ့ခေါင်းရိုက်ခွဲလိုက်တော့ ငါတအားလန့်သွားတာ သွေးတွေကလဲအများကြီးထွက်တဲ့အပြင် မင်းက သတိပါလစ်သွားတော့ ငါလဲစိတ်အပူလွန်ပြီး ဆေးရုံကိုခေါ်လာတုန်း Sean နဲ့ဆေးရုံမှာတိုးတာကွ သူကလဲ သူ့အသိဆေးရုံတက်နေလို့ လာအမေးနဲ့ ကွက်တိကျသွားပြီး သူပါ မင်းကိုဆေးရုံစောင့်ပေးတာ ဒါပဲ ရပြီလား"
"ဒါဆို သူတစ်ယောက်ထဲစောင့်တာ မဟုတ်ဘူးပေါ့"
"အင်း ဖြစ်ဖြစ်ချင်းညကတော့ ငါပါစောင့်တာ နောက်ရက်ကျတော့ Sean ပဲ တနေ့လုံး တညလုံးစောင့်ပေးတာ ငါက နာ့စ်ငှားမယ်ပြောလဲ လက်မခံတာနဲ့ စောင့်ခိုင်းလိုက်တော့တာ"