ပွဲက စိတ်ကြိုက်ယူစားရတဲ့ ပါတီဆိုပေမယ့် ဒီလိုပွဲတွေမတက်ဖူးတဲ့ ရှောင်းကျန့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကမသိ။ပွဲထဲဝင်လာပြီးကတည်းက Leo ge ယူပေးထားတဲ့ ဝိုင်တစ်ခွက်ကို ကိုင်ကာ ဒီနေရာမှာရပ်နေမိတာ အချိန်အတော်ပင်ကြာနေပြီ။ခေါ်လာတဲ့ Leo ge ကလဲ ခဏနော်ဆိုပြီး ပျောက်သွားခဲ့တာ ခုထိပင်အရိပ်အယောင်မမြင်ရ။
"အိုး ဘယ်သူများလဲလို့ အဖြည့်ခံလေးပဲ"
စတေစီ*
Sean စိတ်ထဲမှာ သူမအမည်ကိုအကျယ်ကြီးအော်လိုက်မိပေမယ့် အပြင်မှာတော့ အသံကထွက်မလာ။"ဘယ်လိုလဲ အသိုင်းအဝိုင်းကြီးတွေကြား ဝင်နွှဲရတာ အဆင်ပြေရဲ့လား?"
ဘာမေးခွန်းကြီးလဲ လူကိုဖဲ့ချင်နေတာလား?။ရှောင်းကျန့်တို့က လူကသာမွဲရင်မွဲမယ် ကိုယ့်ကိုလာထိရင်တော့ ငြိမ်ခံနေမယ့်သူမျိုးတော့ မဟုတ်။ရှောင်းကျန့် ငြိမ်နေပြီး အောက်ကျို့ခံတာ ဒီကမ္ဘာမှာ Leo ge တစ်ယောက်ပဲရှိသည်။
"ဘာလဲ စတေစီက ကျွန်တော့်ကို မနာလိုဖြစ်နေတာလား?"
"ဘာ!! နင် ဘာစကားပြောတယ်"
"လူလိုပြောတာကို နားမလည်ဘူးဆိုတော့ စတေစီက ဘာများလဲနော်"
"နင်!! နင်လို အကောင်ကများ"
စတေစီက ပြောလဲပြော သူ့လက်ထဲက ဝိုင်ခွက်နဲ့ပါ လှမ်းပက်လိုက်တာမို့ အဖြူရောင်ဝတ်စုံလေးမှာ အနီရောင်တွေစွန်းထင်းသွားရတော့သည်။
"အိုး!! မစ္စစတေစီ ယူ တို့လက်ရာကို စော်ကားလိုက်တာများလား?"
"ဂျော့ခ်ျ!!"
"အိုး သွားပါပြီ သွားပါပြီ တို့ရဲ့ limited လေးတော့"
ဂျော့ခ်ျဆိုသူက ပြောပြောဆိုဆိုနှင့် ဝတ်စုံမှာပေသွားတဲ့ဝိုင်တွေကို လက်ကိုင်ပုဝါတထည်နှင့်ဖွဖွသုတ်လို့ ပါးစပ်ကပွစိပွစိ ပြောနေတော့သည်။ဘာတွေလဲ?။ရှောင်းကျန့်ကတော့ နားမလည်နိုင်တော့တာမို့ ဟိုဖက်ကြည့် ဒီဖက်ကြည့်ပြီးသာ ကယ်တင်ရှင်ကို မျှော်နေမိတော့သည်။
*မြန်မြန်လာပါတော့ Leo ge ရယ်*
"ယူ့ပွဲတွေ ဘယ်ပွဲမှ တို့ဆီက ဝတ်စုံလာမတောင်းနဲ့ စတေစီ တို့ ယူ့ကို cancle လိုက်ပြီ"