T T T
"ပြော!"တရုတ်သွားဖို့ လေဆိပ်ဆင်းပါမယ်ဆိုမှ ဖုန်းက ဆက်တိုက်မြည်နေတာမို့ contact ကြည့်လိုက်တော့ မကိုင်မဖြစ်ဖုန်းမို့ ကိုင်ရတော့သည်။
"Boss.. Avery ထွက်ပြေးသွားလို့"
"ဘာ!!!
သေချာလေးပြော!""ဒီနေ့ ရုံးချိန်းအသွား တရားခံကို အကူးအပြောင်းမှာ တိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်လို့ ပြောပါတယ် Boss"
"ခုရော"
"လိုက်နေတုန်းပါ"
"ကောင်းပြီ အဲ့ကို ငါလာခဲ့မယ် နေရာ ပြော"
တစ်ဖက်ကလူပြောတဲ့ နေရာကို မှတ်ပြီးတာနဲ့ အဝတ်စားအိတ်ကိုပါဆွဲလို့ ကားပေါ်တင်ရတော့တယ်။ဪ ငါ့နှယ် ယောက်ျားလေးတောင်းဖို့သွားပါမယ်ဆို မားတို့နဲ့လိုက်မယ်ဆိုတော့လဲ ရှယ်ယာရှင်အစည်းအဝေးရှိလို့ နောက်တစ်ရက်ကို ပြောင်းလိုက်ရတယ်။ခု သွားတော့မယ်ဆိုတော့လဲ ဒီဟာမက ဒုက္ခပေးပြန်တယ်။အနှောက်တွေ အနှောက်တွေ။
ဟူးးးး
သက်ပြင်းသာချရင်း ပြောထားတဲ့နေရာဆီ ကားကိုအရှိန်တင်ပြီးသာ မောင်းလိုက်တော့တယ်။ဒီဟာမလဲ မြန်မြန်ပြစ်ဒဏ်ချပြီးမှ အေးမှာပါပဲ။"ဘာထူးသေးလဲ?"
"အဝတ်လဲလိုက်တယ် ထင်တယ် Boss ခြေရာခံစက်ကိုပါဖျက်ပစ်လိုက်တယ်"
"ကောင်းရောကွာ!!"
တရားခံတွေ ထွက်ပြေးခဲ့ရင် အလွယ်တကူလိုက်လို့ရအောင် ခြေကျင်းဝတ်မှာဝတ်ပေးထားတဲ့ ခြေရာခံစက်ကိုပါ ဖျက်ဆီးပစ်လိုက်တာမို့ သူ့ရဲ့တည်နေရာကို ရှာဖို့ကမလွယ်တော့။
"ငါ ဒီည တရုတ်ကို ရောက်မှဖြစ်မှာ မနက်ဖြန် တောင်းရမ်းပွဲကွ!"
"ဟုတ် ကျွန်တော်သိပါတယ် ဒါပေမယ့်လဲ ဒီမှာ Boss မရှိလို့မရဘူးလေ"
တရားခံပြန်ဖမ်းနိုင်ဖို့က ရဲတွေတာဝန်ဆိုပေမယ့် ပြစ်ဒဏ်ချပြီးသားသူမဟုတ်ပဲ ခုမှတရားဆိုင်နေဆဲပဲရှိသေးတာမို့ သူတို့သေချာမဖမ်းပေးဘူးဆိုရင် လွတ်သွားနိုင်တာမို့ Avery သတင်းကို အချိန်နဲ့တပြေးညီသိနိုင်ဖို့ သူရှိနေမှကိုဖြစ်မည်။