PART_39

258 23 4
                                    

"မားက ဘယ်လိုဖြစ်သွားတာလဲ ဒယ်ဒီ"

'မင်း မား မူးလဲသွားတယ်'ဆိုတဲ့ စကားကြောင့် အိမ်ပြန်ရောက်တော့ ဆရာဝန်က စမ်းသပ်လို့ပြီးနေပြီ။

"နောက်မှ ဒယ်ဒီနဲ့ အေးဆေးပြောကျတာပေါ့"

ဆရာဝန်နဲ့ အကျိုးအကြောင်းပြောဖို့ ဒယ်ဒီက စကားလမ်းလွှဲသွားတယ်။

"အားနည်းနေတဲ့အချိန် စိတ်လှုပ်ရှားစရာတွေ့လိုက်တာ ကြားလိုက်တာမျိုးကြောင့် မူးလဲသွားတာပါ စိုးရိမ်စရာမရှိပါဘူး ခုလဲ အိပ်ပျော်နေတာပါ"

"ကျေးဇူးပါ ဒေါက်တာ"

"မားမှာ ရောဂါအခံရှိတော့ ဒီလို မူးလဲတာက အဲ့ဒါနဲ့ဆိုင်မလား ဒေါက်တာ"

"ရောဂါအခံရှိတယ်?"

ဖြတ်ပြောလိုက်တဲ့ ရိပေါ်စကားကြောင့် ဒယ်ဒီရော ဆရာဝန်ပါ တအံ့တဩလှည့်ကြည့်လာတယ်။

"စစ်ဆေးကြည့်ရသလောက်တော့ သူဌေးကတော်မှာ ဘာရောဂါမှ ကြီးကြီးမားမားမရှိပါဘူး"

ဆရာဝန်စကားကြောင့် အနားမှာရှိတဲ့ ကျန်းအားရီကို ရိပေါ်လှည့်ကြည့်လို့...

"ကျန်းအားရီ ပြောတော့...

ရိပေါ်စကားကြောင့် ဒယ်ဒီကပါ ကျန်းအားရီကို မျက်မှောင်ကျုတ်လျက်ကြည့်လာတယ်။

"အာ.အဲ့..အဲ့ဒါကလေ မမလေးက အသက်၅၀ကျော်လာပြီဆိုတော့ မိန်းမတွေဖြစ်တတ်တဲ့ ရောဂါ အဲ့..အဲ့ဒါ"

"‌ဪ ဒါက သွေးဆုံးခါနီးအမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ မီးယပ်ရောဂါပါ ဆေးပုံမှန်သောက် စစ်ဆေးမှု့ပုံမှန်ခံရင် ဒီရောဂါကစိုးရိမ်စရာမဟုတ်ပါဘူး ခု သူဌေးကတော်အခြေအနေကလဲ စိုးရိမ်ရတဲ့ အနေအထားမဟုတ်ပါဘူး"

"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ"

"ပြန်ခွင့်ပြုပါဦး ခင်ဗျ"

"ကောင်းပါပြီ ဒေါက်တာ"

ဆရာဝန်အိမ်ပေါ်က ဆင်းသွားတော့မှ ဒယ်ဒီကနောက်လှည့်လို့..အံကြိတ်ခါ..

"အယ်မာ့ ပြဿနာကို နင်နဲ့ငါ နောက်မှ ရှင်းမယ် ကျန်းအာ!"

"ပေါ်ပေါ်  ဒယ်ဒီနဲ့ လိုက်ခဲ့"

အချစ်ရဆုံး.. သူWhere stories live. Discover now