PART_23

261 28 5
                                    

"အီးးးးဟီးးး ဖေးကူမယ်မရှိဘူး ရေနစ်သူဝါးကူထိုးနေပါတယ် ကောကောရေလို့"

ဟိုကသူ့ကို မောင်းထုတ်လိုက်တာတောင် တကောထဲ ကောနေတဲ့ ဖေးယွီကောကို ကြည့်လို့ ရှောင်းကျန့်တို့ တသိုက် အားရပါးရ ရယ်မောမိတယ်။

ဟားးး ဟားးး ဟားးး

"ဘယ်က ဘယ်လိုရောက်လာကျတာလဲ?"

"ဒီဟာမလေးလေ ကောဆိုင်မှာ ကော်ဖီသောက်ချင်တယ်ဆိုလို့ လာခဲ့တာ"

မေးလိုက်တာက မော့ဖေးရှာကို ဆိုပေမယ့် ပြန်ဖြေတာက ဂျိန်းဝစ္စတာ။

"သူက ငါ့ဆိုင်လာတာ အလကားသောက်ရလို့လေ"

"အာ မဟုတ်ပါဘူးနော် ဖေးက ကျန့်ကျန့်ကော ဖျော်တဲ့လက်ရာလေးကို လွမ်းလို့ပါ နော်"

မသိရင်ခက်မည်။သူမုန့်ဖိုးပြတ်ရင် ဒီဆိုင်ကို လာပြီး ဂုံးဆင်းနေကျများ လာလိမ်နေသေးသည်။ရှေ့က ကောင်မလေးရဲ့ နဖူးကို တချက်တောက်လိုက်ပြီး ကော်ဖီဖျော်ဖို့ထ,လာခဲ့လိုက်သည်။

"ဖေးယွီကော ခဏနော်"
"သိပ်စမနေနဲ့"

မော့ဖေးရှာကိုလဲ တိုးတိုးလေးကပ်မှာရသေးသည်။ဟိုကတော့ အရှိန်နဲ့ ရှိုက်လို့ကောင်းတုန်း ရှိသေးတာလေ။

"နေပါဦး ခင်များကို အဲ့လိုရည်းစားစာရေးရမယ်လို့ ဘယ်သူက ညွှန်ကြားလိုက်တာလဲ?"

"ရည်းစားစာရေးတာ ဘယ်သူက ညွှန်ကြားရမှာလဲ ကိုယ့်ဖာသာရေးတာပေါ့ ဟဲ့!"

"အော် ဟော် တော်လွန်းလို့ပါဗျာ"

လူကိုခနဲ့တဲ့တဲ့ပြောပြီး ထိုင်ခွီနေတဲ့ နှစ်ကောင်ကို ခေါင်းချင်းဆိုင်ပြီး တိုက်ပေးလိုက်ချင်ပေမယ့် ခုချိန်မှာတော့ ဖေးယွီမှာ အားအင်တွေမရှိတော့လောက်အောင်ကို ကုန်ခမ်းနေသည်။

"ခုခေတ်က အဲ့ဒါတွေသုံးတဲ့ခေတ်မဟုတ်တော့ဘူးဗျ ပေါ်တင်ပြောတဲ့ခေတ် ချစ်ရင်ချစ်တယ် ကြိုက်ရင်ကြိုက်တယ် ပေါ်တင်ပြော တခါတည်းအဖြေတောင်း အဲ့လိုလုပ်လေ စာတတန်ပေတတန်နဲ့ ခင်များဘယ်ခေတ်မှာ ကျန်ခဲ့တာလဲ?"

သူတို့ပြောလဲ ပြောချင်စရာပင်။ကိုယ်မှာက ကျောင်းတက်တုန်းက ရည်းစားဆိုလို့လဲ ထားခဲ့ဘူးတာ မဟုတ်သလို ခုချိန်ထိလဲ ချစ်ရကြိုက်ရလောက်အောင် ရင်ခုန်ဖူးသူတောင်မှ ရှိမနေခဲ့ပါ။ဒီ ကောကောနဲ့မှ ရင်ခုန်ပြီးချစ်တတ်ခဲ့တာကို ခုတော့ ခုတော့..

အချစ်ရဆုံး.. သူWhere stories live. Discover now