ကလောင် ကလောင်!!
"ဘာ အလိုရှိပါသလဲ ခင်ဗျ"
ဆိုင်တံခါး တွန်းဖွင့်လိုက်လို့ပေါ်လာတဲ့ ခေါင်းလောင်းသံနဲ့အတူ ကြားလိုက်ရတဲ့ အသံအေးအေးလေး။
"ပန်း လိုချင်လို့ပါ"
ပန်းဆိုင်လာပြီး ပန်းလိုချင်တယ်ပြောရတာ ဟုတ်တော့ မဟုတ်သေး။
"ဘာပန်းများ အလိုရှိပါသလဲ ခင်ဗျ"
"ဟို..ဟို...
ခေါင်းကုတ်လိုက် ဘောင်းဘီထဲလက်နှိုက်လိုက်နဲ့ အမေးကိုဘာပြန်ဖြေရမလဲ ဖေးယွီတစ်ယောက်ဗျာများနေတုန်းအခိုက်..
"ကောကော ရေ!!"
တံခါးကို ဝုန်းဒိုင်းတွန်းဖွင့်လို့ အလျင်စလိုဝင်လာတဲ့ဟာလေးက ဟိုမကျဒီမကျ ဗရုတ်သုတ်ခ။
"ဖြေးဖြေးလာပါ ဖေးဖေးရာ ငါတို့ဆိုင်တံခါးလဲ ကျိုးပါ့မယ်"
"မကျိုးပါဘူးဗျာ ကောကောတောင် ဘာမှမပြောတာ လင်းကောက ဘာဖြစ်နေတာလဲ"
"ဖေးဖေး!!"
"ဟီး ကောကော"
Consumer ရှိနေတာကို အလိုက်မသိတဲ့ ဖေးဖေးကို ခပ်ကြိတ်ကြိတ်ခေါ်လိုက်မိတော့ သူမဟုတ်သလို ရုပ်ကပါ စပ်ဖြီးဖြီးလုပ်လို့။
"ပြောပါဗျ ဘာပန်းများလိုချင်ပါသလဲ"
ဖေးဖေးကိစ္စ နောက်ထားကာ ဝယ်သူကိုလဲ အရင်ဦးစားပေးလိုက်မိတယ်။
"ဟိုလေ ဘယ်လိုပြောရမလဲ လက်ဆောင်..ဟုတ်တယ် လူတစ်ယောက်ကို ပန်းလက်ဆောင်ပေးချင်တာ အဲ့တာ ဘာပန်းပေးရင် ကောင်းမလဲလို့ ဟဲ ဟဲ ကျွန်တော်က ပန်းအကြောင်းသိပ်မသိလို့လေ"
နောက်တော့ ကော သင်ပေးပေါ့ ဆိုတဲ့စကားကတော့ စိတ်ထဲက ပြောပြီးသား။
ရှေ့ကနေ ရှက်သလိုရွံ့သလိုဖြစ်နေတဲ့ တစ်ယောက်ကို ခပ်ပြုံးပြုံးစိုက်ကြည့်ပေးလိုက်တော့ ခပ်မဲ့မဲ့အပြုံးနဲ့ဝင်လာတဲ့ဖေးဖေး။
"ဘာပန်းပေးရမှန်းမသိရင် လမ်းဘေးက မြက်နှုတ်ပေးလိုက်ပေါ့"
ဟင်းး ဟင်းး
သိနေတယ်နော် သိနေတယ်။ဒီအဆင်နဲ့ ဒီအဆင် ဘယ်ဆီသွားမလို့ ဘယ်လမ်းထွင်နေတယ်ဆိုတာ ဖေးဖေးတို့က အသက်ငယ်ပေမယ့် အကုန်နောကြေနေပြီးသား။ကြေဆို ဖေးဖေးက lgbt ထောက်ခံသူစစ်စစ်ကြီးလေ။