"ကဲ တောင်းရမ်းတာတွေ လုပ်မနေတော့ပါဘူး တခါတည်း မင်္ဂလာရက်ပဲရွေးလိုက်ကြရအောင် ဘယ်လိုသဘောရပါသလဲ ခင်ဗျ"
"ဘယ်လိုမှသဘောမရပါဘူးဗျာ သူတို့အဆင်ပြေသလိုသာ လုပ်ပေးလိုက်ကျပါတော့"
နှစ်ဖက်မိဘကလဲ သဘောတူနေပြီမို့ ဘာအကြောင်းမှဆက်ပြောမနေတော့ပဲ မင်္ဂလာဆောင်ဖို့ရက်ကိုသာ သတ်မှတ်လိုက်ကျတယ်။တကယ်တမ်းကတော့ တရုတ်မှာ dinner party လောက်သာပေးဖြစ်ပြီး နယူးယော့ခ်ရောက်မှ လက်ထပ်ပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ နှစ်ဦးသားက တိုင်ပင်ထားပြီးသားဖြစ်သည်။
"သားကျန့်တို့များနော် မလိုချင်ဘူး မလိုချင်ဘူးနဲ့ ခုကျတော့လဲ ပေးစားပါမယ်ဆိုတာတောင် ယောက်ျားနောက်က လိုက်ပြေးသေးတယ်"
"မဟုတ်ပါဘူးဆို ဘဘကြီး နော်"
အဝတ်လဲခန်းထဲ လာစ,နေတဲ့ သူ့ ဘကြီးကြောင့် နှုတ်ခမ်းဆူပြီး စိတ်ကဆိုးနေပြီ။မင်္ဂလာပွဲနေ့ကို ကလေးကို စိတ်တိုအောင်ဝိုင်းစနေကျတာရယ်လေ။
•••••"ကဲ မားနဲ့ပါး စိတ်ချမယ်နော် သားကျန့် ဟိုကပွဲနီးမှပဲ မားတို့လာခဲ့ကျမယ်နော်"
"ဟုတ်ကဲ့ မား"
ညပွဲ dinner ပြီးတာနဲ့ပြန်မယ်လဲ ပြင်ရောဘေဘီလေးက မျက်ရည်ကျချင်နေပြီ။
"နောက်ရက်မှပြန်ပါမယ်ဆို"
"လေယာဉ်ပါလာတာပဲကွာ အဲ့ဒါနဲ့တခါတည်းပြန်လိုက်မယ်လေ မဟုတ်ရင် ဟိုလေယာဉ်နဲ့ဆို ဘေဘီလေးပင်ပန်းမှာစိုးလို့ပါ အပေါ်ရောက်ရင် အိပ်လိုက်ခဲ့လေနော်"
ချက်ချင်းမပြန်ချင်သေးလို့ရစ်နေတဲ့ ကောင်လေးကို ချော့မော့ပြီးပြန်ခေါ်လာခဲ့ရတယ်။သူလဲ မိဘတွေနဲ့ ဘယ်ခွဲချင်ပါ့မလဲလေ။နယူးယော့ခ်ကပွဲက နောက်တစ်လနေမှမို့ နောက်လမှ သူ့မိဘတွေနဲ့လိုက်လာမယ်ဆိုပြီး ရစ်နေသေးလို့ ကိုယ့်မှာ မနည်းချော့ပြီး တခါတည်းလိုက်ခဲ့ဖို့ခေါ်ခဲ့ရတာ။မဟုတ်ရင် တစ်လကြီးတောင် ခွဲမနေနိုင်ပါဘူးနော်။
"ကိုကို!"
"ဟင်"
"ကျွန်တော့်ကို တကယ်ချစ်တာပါနော်"