PART_8

285 25 1
                                    

"Sean ကရော ကိုယ့်ကို အဲ့လိုချစ်တာလား?"

သူ့စကားအဆုံးမေးလိုက်တဲ့ မေးခွန်းကြောင့် ပြူးကျယ်ကျယ်မျက်လုံးအစုံက နားမလည်သည့်ဟန်။

"ဗျာ!"

"ဪ Sean ခုနကပြောသလို အချစ်မျိုးနဲ့ Sean ကရော ကိုယ့်ကိုချစ်တာလားလို့"

ပြန်မေးလိုက်တဲ့မေးခွန်းအဆုံးမှာ ရီဝေဝေကြည့်လိုက်တဲ့မျက်ဝန်းတွေဆိုပေမယ့် ဆုံးဖြတ်ချက်တွေခိုင်မာနေတဲ့ဟန်ကလဲ အထင်းသားနဲ့ ထိုကောင်လေးက အချစ်အတွက်ဆို တကယ့်ကိုပြတ်သားရဲရင့်သူတစ်ယောက်လို။

"ဟုတ်ပါတယ်"

"ကောင်းပြီ ဒါဆို ခု ကိုယ်ပြောတာကို Sean လက်ခံပြီပေါ့နော်"

"ကျွန်တော် ပြောတာကိုရော"

"အင်း ကိုယ်လက်ခံတယ်"

အမေးပေါ်အမေးဆင့်တတ်တာက ဒီ‌ကောင်လေးရဲ့ အကျင့်ထင်ပါရဲ့။

"ဒါဆို ဒီနေ့က စ,မလား?"

"ဟင့်အင်း မနက်ဖြန်မှ"

"Ok လေ ဒါဆို နားတော့နော် ကိုယ်လဲ နားတော့မယ် good night Sean"

"Good night Leo ge"

ဒီညကတော့ မိတ်ဆွေအဖြစ်ရဲ့နောက်ဆုံးညမို့ ပုံမှန်နှုတ်ဆက်မှု့နဲ့သာအဆုံးသတ်လို့ အိပ်ယာဝင်ဖြစ်ခဲ့ကျတဲ့ ကောင်လေးနှစ်ယောက်ဟာ မနက်ဖြန်တွေကစ,လို့ နောက်နေ့ရက်ပေါင်းများစွာကို ဘယ်လိုဖြတ်သန်းကျမလဲဆိုတဲ့ အတွေးတွေနဲ့မို့ အိပ်ရေးဝ,ကျလိမ့်မှာ မဟုတ်တာတော့ အသေအချာပါပဲလေ။
••••••

"ကဲ ဆေးရုံဆင်းချင်ရင် ဆင်းလို့ရပြီနော်!"

အခန်းထဲကို ဘေစာရွက်တွေကိုင်ပြီးဝင်လာတဲ့ ချန်ဖေးယွီက ဘာကိုမှ မသိမ်းဆည်းပေးပဲ ဆိုဖာပေါ်ထိုင်ကာ ဆေးရုံဆင်းဖို့ကိုပဲ ထပ်ခါထပ်ခါ နှိုးဆော်နေတယ်။

"မင်း! ရောက်တည်းက အဲ့ဒါပြောနေတာ ဘယ်နှစ်ခါရှိပြီလဲ?"

"ဟ မင်းက ထပ်နေချင်သေးလို့လား?"

"ီး ထပ်နေစရာလား? Sean မျက်နှာသစ်နေတုန်းလေ ဘာလို့ လာလောနေတာတုန်း"

"အော် ဟော် အဲ့လိုလား သွပ်ပချိ သွပ်ပချိ"

ညက အိပ်တာနောက်ကျတဲ့ကောင်လေးက မနက်ကျတော့လဲ ချန်ဖေးယွီ အသံပြဲကြီးနဲ့ဝင်လာမှ နိုးတာမို့ ရေချိုးခန်းထဲ သန့်ရှင်းရေးလုပ်နေတာကို အလိုက်မသိထပ်ခါထပ်ခါပြောနေတဲ့ ကောင်ကိုပဲ လှမ်းကန်လိုက်ရသည်။

အချစ်ရဆုံး.. သူWhere stories live. Discover now