PART_2

338 26 1
                                    

ချစ်သူသက်တမ်းတွေသာကြာပြီး ကျောင်းသာပြီးလာတယ် Leo ကတော့ လက်ကိုင်တာနဲ့ပါးနမ်းတာတင် အဆင့်ကမတက်။ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ့်ဖာသာ club တက်ဖြေရှင်းနေရင်းက သူ့ဖက်ကတောင်းဆိုလာတာက လက်ထပ်ကျမယ်တဲ့လေ။အဆင့်တွေက ကျော်လွန်း‌မနေဘူးလား။

အနေကြာမှသိလာရတာက Leo က တစ်ကိုယ်ဆန်ဆန်နေတတ်တာပင်။သူများအတွေးကိုဘယ်တော့မှထည့်မတွေးပဲ သူဖြစ်ချင်တာကိုသာ လုပ်တတ်သူမို့ ပြဿနာတက်ရတာလဲအခါခါပင်။ဒါပေမယ့် တစ်ယောက်ကိုပဲတွဲကာ ဒီတစ်ယောက်ကိုပဲလက်ထပ်မယ် ရည်ရွယ်ထားတာမို့ ဘယ်လိုအခြေနေဖြစ်နေပါစေ Leo ဖက်က အလျော့ပေးခဲ့တာသာများသည်။

လက်ထပ်ဖို့တိုင်ပင်ကျတော့မှ Leo ကတရုတ်စပ်မှန်းသိရပြီး တရုတ်အယူကိုလဲမိခင်ဖက်က တအားအလေးအနက်ထားကြောင်းသိရတဲ့အခါမှာတော့ စကားအကြီးအကျယ်ပြောရတော့တာဖြစ်သည်။

"ဒါဆို တို့ဖက်က Leo ကို တင်တောင်းရမှာပေါ့"

"အင်း တရုတ်အယူကတော့ အဲ့လိုပဲ စတေစီ"

"ဘယ်လိုကြီးလဲကွာ တို့ သဘောမတူဘူးဆိုရင်ရော"

"ကိုယ်ကလဲ စတေစီကိုပိုက်ဆံမကုန်ခိုင်းပါဘူး စတေစီနာမည်ခံပေးရုံပဲလေ ကိုယ့်ပိုက်ဆံနဲ့ပဲ မားကျေနပ်အောင် ကိုယ်ကအကုန်လုပ်ပေးမှာပါ"

"မဟုတ်သေးဘူးလေကွာ လက်ထပ်မှာက စတေစီနဲ့Leo လေ ဒီနှစ်ယောက်ကျေနပ်သဘောကျရင် ပြီးပြီပေါ့ တို့မိဘတွေတောင် စတေစီသဘောတခုပဲဟာ"

"ဒါက စတေစီဖက်ကလေ ကိုယ့်ဖက်ကတော့ မားရောအဖိုးကပါ အဲ့လိုဖြစ်စေချင်တာဆိုတော့ ကိုယ်အဲ့လိုလုပ်ပေးရလိမ့်မယ်"

"ကျစ်! လက်ထပ်ပြီးရင်လဲ Leo အိမ်မှာပဲ လိုက်နေရမယ် ဟုတ်လား? အဲ့အချက်ကတော့ လုံးဝကိုမဖြစ်နိုင်တာလေကွာ ခုတောင် တို့က မိဘတွေနဲ့ခွဲနေနေတဲ့ဟာ လက်ထပ်ပြီးမှတော့ အဲ့လိုကြီးမနေချင်ပါဘူး"

"ဒါကလဲ ခဏပါကွာ မားကျေနပ်အောင် စတေစီက ချွေးမအလိမ္မာလေးဖြစ်ကြောင်း ၂လ ၃လလောက်နေပြပြီး အိမ်ပြန်ခွဲလိုက်ရင် ရ‌ပါတယ်"

"ပြောတာလွယ်တယ် Leo တကယ်တမ်းကျ တို့က အိမ်ထောင်ကျမှာလား ထောင်ကျမှာလားတောင် သိပ်မကွဲတော့ဘူး ယူတို့မိသားစုကလဲ ဇယားတွေများလိုက်တာ"

အချစ်ရဆုံး.. သူWhere stories live. Discover now