Ep-1

2.5K 106 10
                                    

ကြီးကျယ်ခမ်းနားလှသည့် ကျောင်းဝန်းကြီးအတွင်း
AOB မျိုးနွယ်တွေဟာ ပြည့်နှက်‌လို့နေသည်..။
ထိုင်းနိုင်ငံရဲ့ နံပါတ်တစ် အထက်တန်းကျောင်းတစ်ခု
ဖြစ်ပြီး တော်ရုံ အဆင့်အတန်းက လူတစ်စုကတော့
တက်လို့မရပေ..ဒီကျောင်းဟာ အဆင့်မြင့်တဲ့
တော်ဝင်မျိုးနွယ်တွေနဲ့ ကြီးကြီးတက်
ချမ်းသာလှသည့် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့
သားသမီးတွေ တည်ရှိရာ ကျောင်း..။

ကြီးမားပြီး ခမ်းနားလှသည့် အဆောက်အဦးတွေနဲ့
စိမ်းစိုနေသည့် သစ်ပင်ပန်းမန်တွေဟာ..ဒီကျောင်းရဲ့
အလှတရားကို ပိုလို့တောင် ပေါ်လွင်နေစေသည်..။

နာမည်ကြီးကျောင်းတစ်ခုဖြစ်တာကြောင့်
စည်းကမ်းဟာလဲ အရမ်းကိုတင်းကျပ်လွန်းသည့်
အထဲတွင်ပါဝင်နေသည်..။ AOB အကုန်ရှိသည့်
ကျောင်းဖြစ်တာကြောင့် Alpha တွေဟာ
သူတို့သတ်မှတ်ထားသည့် Alpha ဝန်းအတွင်းမှာပဲ
စာသင်ကြားရမည်ဖြစ်သလို Omega နဲ့ အခြားသော Betaတွေဟာလည်း ထိုနည်းတူစွာပင်..။
ကျောင်းအတွင်းသို့ရောက်သည်နှင့် သူတို့ရဲ့
Pheromones ရနံ့တွေကို လက်လွတ်စပယ်
ထုတ်ပိုင်ခွင့်မရှိပေ..။

နာမည်ကြီးကျောင်းတစ်ခုဖြစ်သည်နှင့်အနက်
ဆိုးသွမ်းသည့် ကျောင်းသားတွေကတော့
မရှိဘူးလားလို့ဆိုလို့မရပေ..သေချာပေါက်ကို
ရှိတာပေါ့..။

Alpha zoneအတွင်းရှိ စာသင်ဆောင်
အပျက်ကြီး၏အနောက်ဘက်တွင်..
ရန်ဖြစ်သံတွေ စကားများသံတွေဖြင့်
ဆူညံနေသည်..။ ဘယ်သူမှလဲ သူတို့ကို
မတားရဲကြပေ..သူတို့က အလွယ်တကူ
တားလို့ရကြသည့် သူတွေမဟုတ်..။

" အဲ့တော့..မင်းကဘာဖြစ်ချင်လို့လဲ.."

" ရယ်ရတယ် Fourth Nattawat
မင်းလုပ်လို့ ငါ Rohaနဲ့ပျက်သွားရတာလေ!.."

" အိုး..အဲ့လောက်ထိလဲ မရည်ရွယ်ပါဘူး
ငါက ဒီတိုင်းလေးစလိုက်ရုံပါ.."

အလယ်တည့်တည့်မှာ တစ်ယောက်အင်္ကျီ
တစ်ယောက်ဆွဲထားပြီး မျက်နှာချင်းဆိုင်
ရန်ဖြစ်နေသူနှစ်ဦးဟာ Gemini နဲ့ Fourth..။
တစ်ကျောင်းလုံးမှာ သူတို့နှစ်ယောက်ကို
မသိတဲ့သူမရှိတဲ့အထိကို နာမည်ကြီးသည်..။
နှစ်ယောက်စလုံးဟာ တော်ဝင်မိသားစုကနေ
မွေးဖွားလာသူသည့်ဖြစ်ပြီး ရုပ်ရည်ဆိုတာလည်း
အပစ်ပြောရက်စရာမရှိအောင်ကို ချောမောလွန်းသည့် alpha နှစ်ယောက်..။

NEVER { COMPLETE }Where stories live. Discover now