Ep-20

1.1K 89 24
                                    

လုပ်အားပေးအတွက်ပြီးသွားသည့်အချိန်မှာ
ပြန်ရတော့မဲ့နေ့ကိုရောက်လာခဲ့ပြီလေ..။

အမှန်တိုင်းပြောရရင် ငါလဲ မပြန်ချင်ပါ..။
Fourth ပြောသလိုပဲ ဒီနေရာလေးက
အပူအပင်မရှိပဲ အတော်လေး အေးချမ်းသည်..။
ဘန်ကောက်မှာလို ကားတွေ ဆိုင်ကယ်တွေ
သိပ်မရှိတာကြောင့် အပင်တွေများပြီး
လေကောင်းလေသန့်လဲ အတော်လေးရသည်..။

အခု ငါFourthဆီရောက်နေတာပင်..။
ခဏနေပြန်ရတော့မှာဖြစ်တာကြောင့်တစ်ခါထဲ
Fourth ကိုပါ ခေါ်သွားရမယ်လေ..။

" ၂ရက် ၃ရက်ပဲနော်Gem ငါပြန်မှာ.."

" အချစ်ကလဲ.."

ငါ Gemini ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်..။ ငါကချွဲရမလားမှတ်တယ် သူကြီးပဲ
ချွဲနေတာ ငါချွဲချိန်တောင်မရှိပေ..။ Dominant Alpha ကြီး image ကုန်နေတာ တစ်လောကလုံးကိုပါ ပြချင်တယ်..။

" ဖတ်ပဲဖတ်မနေနဲ့ အသက်ရှူကျပ်တယ်.."

" ငြိုငြင်နေပြီလား.."

" မငြိုငြင်ရဲပါဘူး.."

" အဟွန်း!.."

ရုတ်တရက်ရောက်လာပြီး အသံပေးလာသည့်
Hanကြောင့် Geminiဖတ်နေရာကနေ
လွှတ်လိုက်သည်..။

" ကြည်နူးမနေနဲ့ ဟိုမှာ အကုန်လုံး
စောင့်နေကြတာ မြန်မြန်လာ.."

Hanသည် ပြောပြီးသည်နှင့် ချက်ချင်း
မျက်စောင်းထိုးပြီး ထွက်သွားလေသည်..။
Fourth သည် ထိုအရာကို သဘောကျပြီး
ရယ်နေသည်..။

" သွားရအောင်.."

" အွန်းသွားမယ်.."

လက်အားဆုတ်ကိုင်လိုက်ပြီး အိမ်ငယ်လေးထဲကနေ
ထွက်လာခဲ့သည်..။ ရွာ၏လမ်းထိပ်ကိုရောက်တော့
အကုန်လုံးဟာ စောင့်နေကြပြီလေ..။

ဒီအတောအတွင်းမှာ ငါနဲ့Fourthအကြောင်း
သိတဲ့သူတွေကလဲ သိပြီးနေတာဖြစ်တာကြောင့်
ဘာမှထွေထွေထူးထူးတော့ မရှိပါ..။

အဖွဲ့ကလူတွေနဲ့တူတူ Fourth ဟာ
ချက်ချင်းခင်သွားပြီး စကားတွေပြောနေသည်..။
ထိုပုံရိပ်လေးကို ငါဘေးကနေ လက်ပိုက်ပြီးပဲ
ကြည့်နေ‌လိုက်သည်..။

" ပန်းချီဆရာလေးရဲ့ mateက Fourth လေး
ဖြစ်မယ်လို့ မထင်ထားဘူး တကယ်
လိုက်ဖက်ကြတာပဲ.."

NEVER { COMPLETE }Where stories live. Discover now